တာချီလိတ်မြို့တွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်းဖောက်ခွဲ ပစ်ခတ်မှုကြောင့် မြင်သမျှ ရိုက်နှက် ဖမ်းဆီးနေ

တာချီလိတ်မြို့တွင် အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်းဖောက်ခွဲ ပစ်ခတ်မှုကြောင့် မြင်သမျှ ရိုက်နှက် ဖမ်းဆီးနေ
ဖေဖော်ဝါရီ 1, 2022 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်  ယနေ့ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လည်(၁၂)နာရီကျော်အချိန်က အကြမ်းဖက်စစ်တပ်နှင့် စစ်ကောင်စီ ထောက်ခံပွဲအတွင်း ဗုံးကွဲမှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ် နှင့်ရဲတို့က ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခြင်းကြောင့် ပြည်သူ ထိခိုက်/သေဆုံးမှုများရှိသည်ဟု သိရပြီး အပြင်ထွက်လာသည့် လူငယ်မှန်သမျှကို ရိုက်နှက်ဖမ်းဆီးမှုများ ပြုလုပ်နေ၍ ပြည်သူများ အပြင်ထွက် သွားလာခြင်းမပြုလုပ်ရန် မြင်တွေ့ရသူများက Tachileik News Agency သို့ အသိပေးပြောကြားလာသည်။

လူတွေကို အပြင်မထွက်လာပါနဲ့ ဆိုင်ကယ်နဲ့အပြင်မထွက်လာကြနဲ့လို့၊ အခု ကောင်လေးတွေကို သေအောင်ရိုက်နေတာ တွေ့ရတယ်

ဟု ဒေသခံ တစ်ဦးက ပြောသည်။

ပစ်ခတ်မှုကြောင့် ထိခိုက်/သေဆုံးသူများကို လူနာတင်ယာဉ်ဖြင့် သယ်ဆောင်သွားသည်ဟု သိရပြီး သေဆုံးမှုကိုတော့ ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။