ထိုင်းနိုင်ငံဘက်က အခွန်အခတွေ လျော့ချပေးလိုက်တဲ့အတွက် အခြေခံစားသောက်ကုန်များ ဈေးလျော့ရောင်းချပေးဖို့

ထိုင်းနိုင်ငံဘက်က အခွန်အခတွေ လျော့ချပေးလိုက်တဲ့အတွက် အခြေခံစားသောက်ကုန်များ ဈေးလျော့ရောင်းချပေးဖို့
အောက်တိုဘာ 26, 2020
By Tachileik News Agency

 

 တာချီလိတ် နဲ့ မယ်ဆိုင်အကြားက ခြေခံစားသောက်ကုန် သယ်ယူမှု အပေါ် အခွန်အခလျော့ပေးလိုက်တဲ့အတွက် အခြေခံစားသောက်ကုန်အပေါ် ဈေးမတင်ကြရန် ကုန်သယ်ယာဉ်များ ကုန်ပစ္စည်းဈေးမတင်ရန် မေတ္တာရပ်ခံ

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နဲ့ ထိုင်းနိုင်ငံ မယ်ဆိုင်မြို့အကြား အခြေခံစားသောက်ကုန်တွေတင်သွင်းရာမှာ ထိုင်းနိုင်ငံဘက်က အခွန်အခတွေလျော့ချပေးလိုက်တဲ့အတွက် ဈေးလျော့ရောင်းချပေးဖို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး မေတ္တာရပ်ခံထားပါတယ်။
ထိုင်းနိုင်ငံ ဥပဒေအရအခွန်တွေ ကောက်ခံတာရှိပေမယ့် လျှော့ချပေးဖို့အတွက် မြန်မာဘက်ကတောင်းဆိုလိုက်တာကြောင့် တရားဝင်လျော့ချမှုတွေလုပ်ဆောင်ပေးခဲ့တာလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
တာချီလိတ် နဲ့ မယ်ဆိုင် အကြား မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၂)တံတားကနေ ကုန်စည်သယ်ယူဖို့ နှစ်နိုင်ငံကကားတွေ တန်းတူရည်တူဖြတ်သန်းခွင့်ရဖို့အတွက် နှစ်ဖက်ညှိနိူင်းခဲ့ပြီး အခြေခံစားသောက်ကုန်တွေအပေါ် အခွန်လျော့ချပေးဖို့ပါ တောင်းဆိုခဲ့ပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~