ပြည်တွင်းမှ ပထမဆုံးဝယ်ယူသည့် စက်သုံးဆီများ ကျိုင်းတုံသို့ ရောက်ရှိပြီးနောက် တာချီလိတ်သို့ ဆက်လာထွက်ခွာလာ

ပြည်တွင်းမှ ပထမဆုံးဝယ်ယူသည့် စက်သုံးဆီများ ကျိုင်းတုံသို့ ရောက်ရှိပြီးနောက် တာချီလိတ်သို့ ဆက်လာထွက်ခွာလာ
စက်တင်ဘာ 23, 2020
By Tachileik News Agency
ပြည်တွင်းမှ ပထမဆုံးဝယ်ယူသည့် စက်သုံးဆီများ ကျိုင်းတုံသို့ ရောက်ရှိပြီးနောက် တာချီလိတ်သို့ ဆက်လာထွက်ခွာလာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် နှင့် ကျိုင်းတုံအတွက် တောင်ကြီးအထိ စက်သုံးဆီများ သွားဝယ်သည့် ယာဉ်များမှာ စက်တင်ဘာလ (၂၃)ရက်နေ့ နံနက်တွင် ကျိုင်းတုံသို့ ရောက်ရှိပြီးနောက် နေ့လည်ပိုင်းတွင် တာချီလိတ်သို့ ထွက်ခွာလာနေပြီဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့အတွက် (၃)စီး နှင့် တာချီလိတ်အတွက် (၈)စီး စုစုပေါင်း ဆီဘောင်ဆာယာဉ် (၁၁)စီးသည် စက်တင်ဘာလ (၂၀)ရက်နေ့က စက်သုံးဆီများသယ်ယူရန် ထွက်ခွာသွားရာ စက်တင်ဘာလ(၂၃)ရက်နေ့ ညနေပိုင်းတွင် တာချီလိတ်သို့ ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမှ စက်သုံးဆီများကို တင်သွင်း၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း အသုံးပြုနေလျက်ရှိရာ ၂၀၂၀ခုနှစ် စက်တင်ဘာလ(၁၇)ရက်နေ့က စ၍ တာချီလိတ်ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၂)တံတားပေါ်တွင် ကုန်သွယ်ယာဉ်အစီးရေ ကန့်သတ်မှုကြောင့် ယခုအခါမှာ ပထမအဆုံးအဖြစ် ပြည်တွင်းမှ စက်သုံးဆီများကို ဝယ်ယူခြင်း ဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - S‌ai Noom
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~