တာချီလိတ် SB ရဲတပ်သားတစ်ဦး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်

တာချီလိတ် SB ရဲတပ်သားတစ်ဦး ပြည်သူ့ဘက်က ရပ်တည်ကာ CDM လုပ်ဆောင်
မတ် 16, 2021 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့  သတင်းရဲတပ်ဖွဲ့ (Special Branch) အမှတ်(၁၆)တပ်ဖွဲ့ခွဲ(နယ်စပ်ဒေသ)မှ ရဲတပ်သားဇာနည်ထွန်းသည် စစ်ကောင်စီမှ ပြည်သူများအပေါ် မတရားသဖြင့် လက်နက်အားကိုးပြီး အနိုင်ကျင့်နေမှုများအပေါ် မကျေနပ်သဖြင့် စစ်ကောင်စီမှ မတရားအမိန့်ပေးပြီး မတရားခိုင်းစေခြင်းများကို တိုက်ရိုက်ဖြင့် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ လုံးဝ(လုံးဝ) စစ်ကောင်စီ၏ အမိန့်အား မလိုက်နာနိုင်သည့်အတွက် ပြည်သူများနှင့်အတူ ပူးပေါင်းကာ CDM လုပ်ဆောင်လိုက်ကြောင်း မတ်လ(၁၆)ရက်နေ့ ရက်စွဲဖြင့် အထက်ဌာနသို့ အစီရင်ခံစာရေးပြီး တင်ပြထားလိုက်ကြောင်း သိရသည်။  

တာချီလိတ်မြို့တွင် ကျန်းမာရေး၊ ပညာရေး၊ စည်ပင် အပါအဝင် ဌာနဆိုင်ရာ (၁၀)ခုအထက်မှ ဝန်ထမ်းစုစုပေါင်း (၇၀၀)ကျော် စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်က ရပ်တည်ကာ CDM ပါဝင်ထားကြပြီး အင်အားအများဆုံးမှာ ကျန်းမာရေး နှင့် ပညာရေးတို့ ဖြစ်ကြောင်း သိရသည်။