ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)အား ပိတ်မည်ဆိုသည်မှာ ကောလဟာလ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁)အား ပိတ်မည်ဆိုသည်မှာ ကောလဟာလ
မတ် 12, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်စ် ကြောင့် တာချီလိတ်ရှိ ချစ်ကြည်ရေး တံတား(၁) ပိတ်မည်ဆိုသည်မှာ  ကောလဟာလ

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတားအား ကိုရိုနာဗိုင်းရပ်စ်နှင့် ပတ်သက်၍ ပိတ်မည်ဟု ယခုရက်ပိုင်းအတွင်း သတင်းများထွက်ပေါ်နေသည့် ကိစ္စနှင့် ပတ်သက်၍  ကောလဟာလသာဖြစ်ကြောင်း သိရသည်။

နှစ်နိုင်ငံ တံတားကို ဘယ်လို ပိတ်လို့ရမှာလဲ။ မဟုတ်ပါဘူး။ တံတား မပိတ်ပါဘူး။

ဟု မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁) တံတား၏ တာချီလိတ်ဘက်မှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ မတ်လ(၁၂)ရက်နေ့တွင် အတည်ပြု ပြောကြားသည်။

လတ်တလော ကူးစက်မြန်သည့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်၍သာ ထိုင်းဘက်က
အကြောင်းကြားလာသည်များသာ ရှိကြောင်း ၎င်းထံက သိရသည်။

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁)အား ရက်ပိုင်းအတွင်း ပိတ်မည်ဟု အချို့သော ပြည်သူများအကြား သတင်းထွက်ပေါ်နေခြင်း ဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~