ထိုင်းနိုင်ငံအတွင်း COVID 19 ကာကွယ်ရေးလိုအပ်ချက်အရ အရေးပေါ်ကြေညာထားချက်အားလုံး ဩဂုတ်လ(၃၁)ရက်နေ့အထိ သက်တမ်း ထပ်တိုး

ထိုင်းနိုင်ငံအတွင်း COVID 19 ကာကွယ်ရေးလိုအပ်ချက်အရ အရေးပေါ်ကြေညာထားချက်အားလုံး ဩဂုတ်လ(၃၁)ရက်နေ့အထိ သက်တမ်း ထပ်တိုး
ဇူလိုင် 22, 2020
By Tachileik News Agency

ထိုင်းနိုင်ငံအတွင်း COVID 19 ကာကွယ်ရေးလိုအပ်ချက်အရ အရေးပေါ်ကြေညာထားချက်အားလုံး ဩဂုတ်လ(၃၁)ရက်နေ့အထိ သက်တမ်း ထပ်တိုး

မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် COVID 19 ကာကွယ်ရေးလိုအပ်ချက်အရ အရေးပေါ်ကြေညာထားမှုကို ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၁) ရက်နေ့အထိ ထပ်တိုးသတ်မှတ်လိုက်ပြီဖြစ်သည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့နေဆဲဖြစ်သည့်အပြင် ထိုင်းနိုင်ငံအနေဖြင့် နိုင်ငံခြားသားများကို အကန့်အသတ်ဖြင့် လက်ခံမှုများရှိလာခြင်း၊ လုပ်ငန်းအချို့ကို ကန့်သတ်ချက်များဖြင့်  ပြန်လည်လုပ်ကိုင်ခွင့်ပေးခြင်း စသည့် ဖြေလျော့မှုများ လုပ်ပေးထားရာ အရေးပေါ်ကြေညာထားခြင်းကို ဆက်လက်ထားရှိရန် လိုအပ်သည်ဟု COVID ကော်မတီက ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အရေးပေါ်အခြေအနေကြေညာချက် ဆက်လက်ထားရှိခြင်းဖြင့် နိုင်ငံတွင်း ဝင်ရောက်ခွင့်ပြုခြင်း၊ COVID 19 သံသယလူနာများကို ရှာဖွေဖေါ်ထုတ်ခြင်းနှင့် စီးပွားရေးလုပ်ငန်းများအပါအဝင် ကဏ္ဍအသီးသီးတွင် ရောဂါထိန်းချုပ်ရေးဆောင်ရွက်ချက်များကို အစိုးရအနေဖြင့် ကန့်သတ်ခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အီဂျစ်စစ်တပ်ကိုယ်စားလှယ်အဖွဲ့နှင့် ဆူဒန်သံတမန်မိသားစုတို့မှ COVID 19 အတည်ပြုလူနာ တွေ့ရှိခဲ့သဖြင့် စောင့်ကြည့်ရသည့်အနေအထားနှင့် ကျောင်းများ စတင်ဖွင့်လှစ်ထားသည့်အတွက် သက်တမ်းထပ်တိုးသင့်သည်ဟု ထိုင်း COVID ကော်မတီက ဆုံးဖြတ်ခြင်းဖြစ်သည်ဟု သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~