ယူကရိန်းသမ္မတဟောင်းနှင့် အဖွဲ့ ပြည်သူ(၄၀၀)ဝန်းကျင်ကို ဆက်လက် ကယ်ထုတ်

Photo: Petro Poroshenko
Photo: Petro Poroshenko
ယူကရိန်းသမ္မတဟောင်းနှင့် အဖွဲ့ ပြည်သူ(၄၀၀)ဝန်းကျင်ကို ဆက်လက် ကယ်ထုတ်

ယူကရိန်းသမ္မတဟောင်း  ပီထရိုပိုရိုရှန်နှင့် အဖွဲ့က အမှတ်(၂၀၆) နယ်မြေကာကွယ်ရေးတပ်ဖွဲ့နှင့်အတူ Irpen မြို့တွင် ကျန်ရှိနေသည့် ပြည်သူ (၄၀၀)ဝန်းကျင်ကို စစ်ဘေးရှောင်နိုင်ရန်အတွက် ယနေ့ မတ်လ(၅)ရက်နေ့တွင် ဆက်လက် ကယ်ထုတ်ခဲ့ရကြောင်း သမ္မတဟောင်းက ၎င်း၏ Telegram တွင် ဖော်ပြထားသည်။

ရုရှားစစ်တပ်သည် ယူကရိန်းပြည်သူများ နှင့် နေအိမ်များကို ပစ်ခတ်တိုက်ခိုက်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း ပြောကြားထားသော်လည်း လက်တွေ့တွင် နေအိမ်များအထိပါ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့်အတွက် ပြည်သူများက မဖြစ်မနေ စစ်ဘေးရှောင်ရန် လိုအပ်နေကြခြင်း ဖြစ်သည်။

ရုရှား၏ ကျူးကျေ ာ်တိုက်ခိုက်မှုများကြောင့် ထိခိုက်နစ်နာရသည့် ပြည်သူများကို ယူကရိန်းအစိုးရက ကယ်ဆယ်ရေးများ လုပ်ဆောင်ပေးသည့်နည်းတူ သမ္မတဟောင်းကလည်း ပါဝင်ကာ ကူညီလုပ်ဆောင်လာခြင်း ဖြစ်သည်။

အသက်(၅၆)နှစ် ရှိပြီဖြစ်သည့် ယူကရိန်းသမ္မတဟောင်း  ပီထရိုပိုရိုရှန်သည် ယူကရိန်းနိုင်ငံ၏ သမ္မတအဖြစ် ၂၀၁၄ခုနှစ်မှ ၂၀၁၉ခုနှစ်အထိ တာဝန်ယူခဲ့သူဖြစ်ပြီး ယခုအခါတွင် ၎င်းကိုယ်တိုင် လက်နက်ကိုင်ပြီး နိုင်ငံကာကွယ်ရေးအတွက် ပါဝင်လာသူဖြစ်သည်။

#TachileikNewsAgency