မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းကာလအတွင်း အရပ်သားသေဆုံးရမှု၊ ထိန်းသိမ်းခံရမှုများကြောင့် ရုရှားက စစ်ရေးအရ ပူးပေါင်းမှုကို ရပ်ဆိုင်းရန် စဉ်းစားနေ

မြန်မာနိုင်ငံ၏ စစ်အာဏာသိမ်းကာလအတွင်း အရပ်သားသေဆုံးရမှု၊ ထိန်းသိမ်းခံရမှုများကြောင့် ရုရှားက စစ်ရေးအရ ပူးပေါင်းမှုကို ရပ်ဆိုင်းရန် စဉ်းစားနေ

မြန်မာနိုင်ငံတွင် အရပ်သားပြည်သူများသေဆုံးမှုတိုးလာနေမှုမှာ စိုးရိမ်ဖွယ်အခြေအနေဖြစ်နေ၍  ရုရှားနိုင်ငံအနေဖြင့် သတိထားကာ အနီးကပ်စောင့်ကြည့်သွားမည်ဖြစ်ပြီး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းရန် စဉ်းစားမှုများလည်းရှိနေပြီဟု ရုရှားက ၂၀၂၁ ခုနှစ် မတ်လ (၁၂) ရက်နေ့တွင် ထုတ်ဖေါ်ပြောကြားလိုက်သည်။



အရပ်သားသေဆုံးတဲ့အရေအတွက်တွေ စိုးရိမ်စရာကောင်းအောင်တိုးလာနေတာ သတိထားရမယ့် အခြေအနေမှာရောက်နေပြီ။ ဒါက ကျွန်တော်တို့အတွက် စိုးရိမ်ရမယ့်အနေအထားဖြစ်နေပြီ။ ဘာတွေဖြစ်နေတယ်ဆိုတာကို နီးနီးကပ်ကပ်စောင့်ကြည့်သွားမှာပါ

ဟု ကရင်မလင်မှ ပြောရေးဆိုခွင့်ရှိသူ ဒမီထရီပက်စကိုက မော်စကိုတွင် သတင်းထောက်များအား ပြောကြားသည်။



ရုရှားအာဏာပိုင်များအနေဖြင့် မြန်မာနှင့် စစ်ရေးပူးတွဲဆောင်ရွက်မှုများကို ရပ်ဆိုင်းထားရန်ကိုလည်း ချင့်ချိန်နေပြီဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသွားသည်။



စစ်အာဏာသိမ်းအဖွဲ့က နိုင်ငံတော်အာဏာသိမ်းလိုက်သည့် ဖေဖေါ်ဝါရီလ (၁) ရက်နေ့မှစ၍ အရပ်သားပြည်သူ (၇၀) ဝန်းကျင်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း (၂၀၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်သည်။



သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့မှာလည်း စစ်တပ်က အာဏာသိမ်းကတည်းက ဖမ်းဆီးထိန်းသိမ်းခံထားရခြင်းဖြစ်သည်။

ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့များက စစ်အာဏာသိမ်းအဖွဲ့၏ လူ့အခွင့်အရေးချိုးဖေါက်နေမှုများနှင့်ပတ်သက်၍ ရှုံ့ချထားပြီး စိုးရိမ်ပူပန်ရကြောင်း ထုတ်ဖေါ်ပြောကြားထားခြင်းဖြစ်သည်။



Tachileik News Agency

Source: AA