ဂျပန်ဝန်ကြီးချုပ် ယူကရိန်းခရီးစဉ်အတွင်း ရုရှားက ဂျပန်ပင်လယ်ပြင်တွင် ဗုံးကြဲလေယာဉ်များပျံသန်း

Photo: Reuter
Photo: Reuter
ဂျပန်ဝန်ကြီးချုပ် ယူကရိန်းခရီးစဉ်အတွင်း ရုရှားက ဂျပန်ပင်လယ်ပြင်တွင် ဗုံးကြဲလေယာဉ်များပျံသန်း
By Tachileik News Agency

ဂျပန်ဝန်ကြီးချုပ်က ယူကရိန်းခရီးစဉ်သွားရောက်ချိန်တွင် ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားက ဗုံးကြဲလေယာဉ် (၂)စီးဖြင့် ဂျပန်ပင်လယ်ပြင်တွင် ပျံသန်းလာကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးက ၂၀၂၃ ခုနှစ် မတ်လ (၂၁)ရက်နေ့ (အင်္ဂါနေ့)တွင် သတင်းထုတ်ပြန်လာသည်။

နူလက်နက်များတင်ဆောင်နိုင်သည့် အဆိုပါ ဗုံးကြဲလေယာဉ်(၂)စီးသည် ဂျပန်ပင်လယ်ပြင်တွင် (၇)နာရီကျော်ပျံသန်းခဲ့ကြပြီး ရုရှားက အဆိုပါ လေယာဉ်များအား အာတိတ်၊ မြောက်အတ္တလန်တိတ်နှင့် ပစိဖိတ်ရေပြင်တို့တွင် အင်အားပြ ပျံသန်းလေ့ရှိသည်။

ရုရှားကျူးကျော်မှုကို ခုခံတိုက်ခိုက်နေသည့် ယူကရိန်း သမ္မတ ဗလာဒီမာ ဇာလန်းစကီးနှင့်အတူရပ်တည်ကြောင်း ပြသသည့်အနေဖြင့် ဂျပန်ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါက ယူကရိန်းကို မတ်လ (၂၁)ရက်နေ့က သွားရောက်ခဲ့ခြင်းဖြစ်သည်။

ကီရှီဒါသည် ယူကရိန်းကိုသွားရောက်ရန် ကျန်ရှိနေသည့် တစ်ဦးတည်းသော G 7 ခေါင်းဆောင်ဖြစ်သည်။

ဂျပန်နှင့် ရုရှားသည် ဒုတိယကမ္ဘာစစ်အပြီး မြောက်ပစိဖိတ်သမုဒ္ဒရာအတွင်းမှ ကျွန်းတစ်ကျွန်းနှင့်ပတ်သက်၍ ပိုင်နက်အငြင်းပွားမှုများရှိနေခြင်းဖြစ်ပြီး ယူကရိန်းအား ကျူးကျော်စစ်နှင့်ပတ်သက်၍ ရုရှားကိုဒဏ်ခတ်ပိတ်ဆို့မှုများတွင် အနောက်ဥရောပနိုင်ငံများနှင့်အတူ ပူးပေါင်းပါဝင်နေခြင်းဖြစ်သည်။



Source: CNA