ရှမ်း(ရှေ့) စည်ပင်ပြည်နယ်ခွဲတာဝန်ခံ ဒုညွှန် ဦးအေးကို ဖမ်းဆီးခံရ

ရှမ်း(ရှေ့) စည်ပင်ပြည်နယ်ခွဲတာဝန်ခံ ဒုညွှန် ဦးအေးကို ဖမ်းဆီးခံရ
မတ် 11, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ပြည်နယ်စည်ပင်သာယာရေးဌာနခွဲ(ကျိုင်းတုံ)၏ ဌာနခွဲတာဝန်ခံဖြစ်သူ ဒုတိယညွှန်ကြားရေးမှူး ဦးအေးကိုအား နေအိမ်တွင် စစ်တပ်က ယနေ့ မတ်လ(၁၁)ရက်နေ့ ည(၉)နာရီကျော်အချိန်က ဖမ်းဆီးကာ ကျိုင်းတုံအကျဉ်းထောင်သို့ တခါတည်း ပို့ဆောင်လိုက်ကြောင်း သိရသည်။

"ရဲလည်းပါတယ်။ ထွေအုပ်လည်းပါတယ်။ စစ်သားတွေကတော့ ဝင်သွားတာတော့မတွေ့ရဘူး အပြင်မှာပဲ။ ဦးအေးကို ကို တခါတည်း အကျဉ်းဦးစီးကို ခေါ်သွားတယ်လို့တော့ ကြားတယ်"ဟု အနီးဝန်းကျင်နေသူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လာရောက်ဖမ်းဆီးသူများက ၎င်းအား မည်သည့်အကြောင်းကြောင့် ဖမ်းသည်ကို ပြောဆိုးခြင်းမရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။