တာခ်ီလိတ္တြင္ တပ္ေျပးလူငယ္တစ္ဦးဖမ္းမိသျဖင့္ သက္ဆုိင္ရာတပ္သို႔ ျပန္လည္လႊဲေျပာင္းထား

တာခ်ီလိတ္တြင္ တပ္ေျပးလူငယ္တစ္ဦးဖမ္းမိသျဖင့္ သက္ဆုိင္ရာတပ္သို႔ ျပန္လည္လႊဲေျပာင္းထား
မေ 14, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပုိင္း၊ တာခ်ီလိတ္ၿမိဳ႕တြင္ အသက္ (၃၀)အရြယ္ တပ္သားတစ္ဦးကို စစ္ေျပးအျဖစ္ ဖမ္းမိသျဖင့္ တာခ်ီလိတ္ တပ္ထိန္းတပ္ဆြယ္သို႔ လႊဲေျပာင္းေပးအပ္ထားေၾကာင္း သိရသည္။

တာခ်ီလိတ္ၿမိဳ႕၊ ဆန္ဆုိင္း(က)ရပ္ကြက္ရိွ ဟိုတယ္တစ္ခုေရွ႕တြင္ က်ိဳင္းတံု အမွတ္(၁၂)ပညာေရးသင္တန္းေက်ာင္းမွ တပ္သား ေနာင္ေနာင္လြင္ကို ၂၀၁၉ ခုႏွစ္၊ ေမလ (၁၄)ရက္ေန႔ ေန႔လယ္ (၁)နာရီခြဲက တပ္ေျပးအျဖစ္ ေတြ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

၎သည္ ၂၀၀၇ခုႏွစ္ ေဖေဖာ္၀ါရီလ(၅)ရက္ေန႔က  တပ္ထဲသို႔ ၀င္ေရာက္ခဲ့သူျဖစ္ၿပီး ၂၀၁၈ခုႏွစ္ စက္တင္ဘာလ(၂၈)ရက္ေန႔က ထြက္ေျပးလာခဲ့သူျဖစ္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႔က အဆိုပါလူငယ္အား ေန႔လယ္ (၂)နာရီအခ်ိန္တြင္ သက္ဆုိင္ရာ တပ္ထိန္းတပ္ဆြယ္သို႔ လႊဲေျပာင္းေပးထားျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် အသက် (၃၀)အရွယ် တပ်သားတစ်ဦးကို စစ်ပြေးအဖြစ် ဖမ်းမိသဖြင့် တာချီလိတ် တပ်ထိန်းတပ်ဆွယ်သို့ လွှဲပြောင်းပေးအပ်ထားကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်ရှိ ဟိုတယ်တစ်ခုရှေ့တွင် ကျိုင်းတုံ အမှတ်(၁၂)ပညာရေးသင်တန်းကျောင်းမှ တပ်သား နောင်နောင်လွင်ကို ၂၀၁၉ ခုနှစ်၊ မေလ (၁၄)ရက်နေ့ နေ့လယ် (၁)နာရီခွဲက တပ်ပြေးအဖြစ် တွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

၎င်းသည် ၂၀၀၇ခုနှစ် ဖေဖော်ဝါရီလ(၅)ရက်နေ့က တပ်ထဲသို့ ဝင်ရောက်ခဲ့သူဖြစ်ပြီး ၂၀၁၈ခုနှစ် စက်တင်ဘာလ(၂၈)ရက်နေ့က ထွက်ပြေးလာခဲ့သူဖြစ်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က အဆိုပါလူငယ်အား နေ့လယ် (၂)နာရီအချိန်တွင် သက်ဆိုင်ရာ တပ်ထိန်းတပ်ဆွယ်သို့ လွှဲပြောင်းပေးထားခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net