ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ၿပိဳင္ပြဲ တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ (၂၈) ရက္ေန႔က်င္းပမည္

ေဆးလိပ္ေငြ႕ကင္းစင္ ရွမ္းျပည္တစ္ခြင္ အထိမ္းအမွတ္ မီနီမာရသြန္ၿပိဳင္ပြဲ တာခ်ီလိတ္ၿမိဳ႕တြင္ ဇြန္လ (၂၈) ရက္ေန႔က်င္းပမည္
ဇွန် 26, 2019
By Tachileik News Agency
ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္အထိမ္းအမွတ္ Township Sport Development Program ျဖင့္ ျပည္နယ္တြင္း ၿမိဳ႕နယ္အလုိက္ အားကစားၿပိဳင္ပြဲမ်ား က်င္းပေနရာ ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕တြင္ မီနီမာရသြန္ၿပိဳင္ပြဲကို ၂၀၁၉ ခုႏွစ္၊ ဇြန္လ (၂၈) ရက္ေန႔ နံနက္ပိုင္း၌ က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။

"(၂၈) ရက္ေန႔မနက္ပိုင္းမွာ ေက်ာင္းအေျချပဳမာရသြန္ပြဲေလးရိွတယ္။ ညေနပိုင္းက မိုင္းေယာင္း။ တာခ်ီလိတ္ကမနက္လုပ္ၿပီးရင္ မိုင္းေယာင္းဆက္ကူးမွာေပါ့။ (၂၉) က မိုင္းပ်ဥ္း၊ (၃၀) က ကြမ္ဟိန္း၊ (၁) ရက္ေန႔က မိုင္းရႈး (၅) ၿမိဳ႕နယ္ဆက္လုပ္မွာေပါ့။ တာခ်ီလိတ္က မာရသြန္ တစ္ခုပဲ။ က်န္တဲ့ (၄) ၿမို႕နယ္က အားကစားနည္း (၄) နည္းေပါ့။ ေဘာလံုးတို႔၊ ပိုက္ေက်ာ္ျခင္းတို႔၊ မီနီမာရသြန္တို႔၊ မိုင္းေယာင္းမွာဆို စားပြဲတင္တင္းနစ္ပါမယ္။ ကြမ္ဟိန္းနဲ႔ မိုင္းရႈးေတာ့ ဘိလိယက္နဲ႔ စႏူကာပါမွာေပါ့"ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ လူမႈေရး၀န္ႀကီး ေဒါက္တာမ်ိဳးထြန္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ေျပာသည္။

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္အထိမ္းအမွတ္ အားကစားၿပိဳင္ပြဲမ်ားကို မဘိမ္းၿမိဳ႕တြင္ ဇြန္လ (၂၂)ရက္နွင့္ (၂၃) ရက္ေန႔က က်င္းပခဲ့ရာတြင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားႏွင့္ ရပ္ကြက္၊ ေက်းရြာမ်ားမွ အားကစားသမား (၅၂၅) ဦး ၀င္ေရာက္ယွဥ္ၿပိဳင္ခဲ့ေၾကာင္း သိရသည္။

ေဆးလိပ္ေငြ႕ကင္းစင္ရွမ္းျပည္တစ္ခြင္ေဆာင္ရြက္ခ်က္အျဖစ္ အေျခခံပညာေက်ာင္းမ်ားတြင္ ေဆးလိပ္ေငြ႕ကင္းစင္ေရးအသိပညာေပးလံႈ႕ေဆာ္မႈမ်ား၊ အားကစားၿပိဳင္ပဲြမ်ားက်င္းပျခင္းအျပင္ ျပည္နယ္အတြင္းရိွ ၿမိဳ႕နယ္မ်ားအလုိက္ ေဆးလိပ္ေငြ႕ကင္းစင္ေနရာမ်ားကိုလည္း ေဖၚေဆာင္သတ္မွတ္ေနျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲ တာချီလိတ်မြို့တွင် ဇွန်လ (၂၈) ရက်နေ့ကျင်းပမည်
****************
ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်အထိမ်းအမှတ် Township Sport Development Program ဖြင့် ပြည်နယ်တွင်း မြို့နယ်အလိုက် အားကစားပြိုင်ပွဲများ ကျင်းပနေရာ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့တွင် မီနီမာရသွန်ပြိုင်ပွဲကို ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ နံနက်ပိုင်း၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

"(၂၈) ရက်နေ့မနက်ပိုင်းမှာ ကျောင်းအခြေပြုမာရသွန်ပွဲလေးရှိတယ်။ ညနေပိုင်းက မိုင်းယောင်း။ တာချီလိတ်ကမနက်လုပ်ပြီးရင် မိုင်းယောင်းဆက်ကူးမှာပေါ့။ (၂၉) က မိုင်းပျဉ်း၊ (၃၀) က ကွမ်ဟိန်း၊ (၁) ရက်နေ့က မိုင်းရှုး (၅) မြို့နယ်ဆက်လုပ်မှာပေါ့။ တာချီလိတ်က မာရသွန် တစ်ခုပဲ။ ကျန်တဲ့ (၄) မြို့နယ်က အားကစားနည်း (၄) နည်းပေါ့။ ဘောလုံးတို့၊ ပိုက်ကျော်ခြင်းတို့၊ မီနီမာရသွန်တို့၊ မိုင်းယောင်းမှာဆို စားပွဲတင်တင်းနစ်ပါမယ်။ ကွမ်ဟိန်းနဲ့ မိုင်းရှုးတော့ ဘိလိယက်နဲ့ စနူကာပါမှာပေါ့"ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို မဘိမ်းမြို့တွင် ဇွန်လ (၂၂)ရက်နှင့် (၂၃) ရက်နေ့က ကျင်းပခဲ့ရာတွင် ကျောင်းသား၊ ကျောင်းသူများနှင့် ရပ်ကွက်၊ ကျေးရွာများမှ အားကစားသမား (၅၂၅) ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်ဆောင်ရွက်ချက်အဖြစ် အခြေခံပညာကျောင်းများတွင် ဆေးလိပ်ငွေ့ကင်းစင်ရေးအသိပညာပေးလှုံ့ဆော်မှုများ၊ အားကစားပြိုင်ပွဲများကျင်းပခြင်းအပြင် ပြည်နယ်အတွင်းရှိ မြို့နယ်များအလိုက် ဆေးလိပ်ငွေ့ကင်းစင်နေရာများကိုလည်း ဖေါ်ဆောင်သတ်မှတ်နေခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net