တန့်ယန်းမြို့က CDM ကျန်းမာရေးဝန်ထမ်းများ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရ

တန့်ယန်းမြို့က CDM ကျန်းမာရေးဝန်ထမ်းများ ဝန်ထမ်းအိမ်ရာကနေ ဖယ်ရှားခံရ



ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် ကျန်းမာရေးဝန်ထမ်းများထဲက CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဝန်ထမ်းအိမ်ရာကနေ စစ်တပ်က ယနေ့ မတ်လ(၁၁)ရက်နေ့တွင်  ဖယ်ရှားနေကြောင်း သိရသည်။

အချို့မှာ CDM လုပ်ဆောင်ကတည်းက အခြားသို့ ရွှေ့ပြောင်းနေထိုင်နေကြပြီး ယခုအခါမှာ လူအနည်းစုသာ ကျန်ရှိခဲ့ပြီး ကျန်ရှိသူများအားလုံးထဲက CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဖယ်ရှားနေခြင်း ဖြစ်သည်။

မတ်လ(၁၀)ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း)အတွင်း  နမ့်ဆန်မြို့ရှိ ကျန်းမာရေးဝန်ထမ်းအိမ်ရာတွင်လည်း CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို ဖယ်ရှားကြောင်း သိရသည်။