ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆး၀ါး သတင္းရရွိသည့္ ေနအိမ္သို႔ ၀င္စစ္ရာ အမ်ဴိးသား (၄)ဦးအား မူးယစ္ေဆး၀ါးနွင့္အတူ ဖမ္းမိၿပီး ေနအိမ္ပိုင္ရွင္မွာ ထြက္ေျပးတိမ္းေရွာင္

ေက်ာက္မဲၿမိဳ႕တြင္ မူးယစ္ေဆး၀ါး သတင္းရရွိသည့္ ေနအိမ္သို႔ ၀င္စစ္ရာ အမ်ဴိးသား (၄)ဦးအား မူးယစ္ေဆး၀ါးနွင့္အတူ ဖမ္းမိၿပီး ေနအိမ္ပိုင္ရွင္မွာ ထြက္ေျပးတိမ္းေရွာင္
စက်တင်ဘာ 23, 2018
By Tachileik News Agency

ရွမ္းျပည္နယ္(ေျမာက္ပိုင္း) ေက်ာက္မဲၿမိဳ႕ အမွတ္(၈)ရပ္ကြက္တြင္ မူးယစ္သတင္းရ ေနအိမ္အား ရဲတပ္ဖြဲ႔က ဝင္ေရာက္ရွာေဖြရာ အမ်ိဳးသား(၄) ဦးကို မူးယစ္ေဆးဝါးအခ်ိဳ႕ႏွင့္အတူ ဖမ္းဆီးရမိေသာ္လည္း ေနအိမ္ပိုင္ရွင္ ထြက္ေျပးတိမ္းေရွာင္သြားေၾကာင္း သိရသည္။

ေက်ာက္မဲၿမိဳ႕ အမွတ္(၈)ရပ္ကြက္၊ နယ္ေျမ(၁၁) ရွိ မူးယစ္သတင္းရေနအိမ္ကို ၂၀၁၈ ခုႏွစ္၊ စက္တင္ဘာလ (၂၂) ရက္ေန႔ ေန႔လယ္(၂)နာရီခြဲ ဝန္းက်င္က ဝင္ေရာက္ရွာေဖြရာ ေနအိမ္ပိုင္ရွင္ျဖစ္သူ အသက္(၅၀)အရြယ္ ကြမ္ဖုန္းသည္ ေနအိမ္ၿခံစည္းရိုးကိုေက်ာ္၍ ထြက္ေျပးလြတ္ေျမာက္သြားၿပီး ေနအိမ္အတြင္းမွ အမ်ိဳးသား(၃)ဦးတို႔ကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

အဆိုပါ ေနအိမ္တြင္ ေတြ႔ရသည့္ အသက္(၂၀)အရြယ္ စိုင္းစိုင္း(ခ)ေစာျပည့္ၿဖိဳးထံမွ WY စာတန္းပါ စိတ္ၾကြေဆးျပား(၂၀)ျပားႏွင့္ ဘိန္းျဖဴ (၃)ဂရမ္၊ အသက္(၃၃)ႏွစ္အရြယ္ မိုးေအာင္ထံမွ WY စာတန္းပါ စိတ္ၾကြေဆးျပား (၁၂၁)ျပားႏွင့္ ဘိန္းျဖဴ(၁)ဂရမ္တုိ႔ကို ေတြ႔ရၿပီး အသက္(၃၂)ႏွစ္အရြယ္ က်ားရီ(ခ)ေအာင္ႏိုင္ထံမွ မူးယစ္ေဆးမေတြ႔ရေၾကာင္း သိရသည္။

ေနအိမ္အား ရွာေဖြေနစဥ္ ဆိုင္ကယ္ျဖင့္ေရာက္လာသည့္ အသက္(၅၂)ႏွစ္အရြယ္ အားခ်မ္းထံမွ WY စာတန္းပါ စိတ္ၾကြေဆးျပား (၃)ျပား ႏွင့္ ဘိန္းျဖဴ (၀.၀၁) ဂရမ္တို႔ကို စစ္ေဆးေတြ႔ရွိခဲ့ေၾကာင္း သိရသည္။

ထြက္ေျပးသြားသူ ေနအိမ္ပိုင္ရွင္ အပါအဝင္ မူးယစ္ေဆးဝါးမ်ားလက္ဝယ္ေတြ႔ရွိသူ အမ်ိဳးသား (၃)ဦး ႏွင့္ သံုးစြဲရန္ေရာက္ေနသည့္ အမ်ိဳးသား(၁)ဦး စုစုေပါင္း (၅)ဦးတို႔ကို ေက်ာက္မဲၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၂၅ / ၂၆ /၂၀၁၈ ၊ မူး/စိတ္ ပုဒ္မ ၁၉(က)/ ၂၁ / ၁၆ (ဂ) ျဖင့္ အမႈဖြင့္ထားၿပီး ထြက္ေျပးသြားသူ ကြမ္ဖုန္းအား ဖမ္းဆီးရမိရန္ ေဆာင္ရြက္လွ်က္ရွိေၾကာင္း သိရသည္။

သတင္း - ေနၿဖိဳးျမင့္
ဓါတ္ပံု -ရဲတပ္ဖြဲ႕



~~~~~~~~⊰❂ unicode ~~~~~~~~

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်တွင် မူးယစ်သတင်းရ နေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ အမျိုးသား(၄) ဦးကို မူးယစ်ဆေးဝါးအချို့နှင့်အတူ ဖမ်းဆီးရမိသော်လည်း နေအိမ်ပိုင်ရှင် ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရသည်။

ကျောက်မဲမြို့ အမှတ်(၈)ရပ်ကွက်၊ နယ်မြေ(၁၁) ရှိ မူးယစ်သတင်းရနေအိမ်ကို ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ နေ့လယ်(၂)နာရီခွဲ ဝန်းကျင်က ဝင်ရောက်ရှာဖွေရာ နေအိမ်ပိုင်ရှင်ဖြစ်သူ အသက်(၅၀)အရွယ် ကွမ်ဖုန်းသည် နေအိမ်ခြံစည်းရိုးကိုကျော်၍ ထွက်ပြေးလွတ်မြောက်သွားပြီး နေအိမ်အတွင်းမှ အမျိုးသား(၃)ဦးတို့ကို ဖမ်းဆီးရမိကြောင်း သိရသည်။

အဆိုပါ နေအိမ်တွင် တွေ့ရသည့် အသက်(၂၀)အရွယ် စိုင်းစိုင်း(ခ)စောပြည့်ဖြိုးထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား(၂၀)ပြားနှင့် ဘိန်းဖြူ (၃)ဂရမ်၊ အသက်(၃၃)နှစ်အရွယ် မိုးအောင်ထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား (၁၂၁)ပြားနှင့် ဘိန်းဖြူ(၁)ဂရမ်တို့ကို တွေ့ရပြီး အသက်(၃၂)နှစ်အရွယ် ကျားရီ(ခ)အောင်နိုင်ထံမှ မူးယစ်ဆေးမတွေ့ရကြောင်း သိရသည်။

နေအိမ်အား ရှာဖွေနေစဉ် ဆိုင်ကယ်ဖြင့်ရောက်လာသည့် အသက်(၅၂)နှစ်အရွယ် အားချမ်းထံမှ WY စာတန်းပါ စိတ်ကြွဆေးပြား (၃)ပြား နှင့် ဘိန်းဖြူ (ဝ.ဝ၁) ဂရမ်တို့ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

ထွက်ပြေးသွားသူ နေအိမ်ပိုင်ရှင် အပါအဝင် မူးယစ်ဆေးဝါးများလက်ဝယ်တွေ့ရှိသူ အမျိုးသား (၃)ဦး နှင့် သုံးစွဲရန်ရောက်နေသည့် အမျိုးသား(၁)ဦး စုစုပေါင်း (၅)ဦးတို့ကို ကျောက်မဲမြို့မရဲစခန်းတွင် မယ(ပ)၂၅ / ၂၆ /၂၀၁၈၊ မူး/စိတ် ပုဒ်မ ၁၉(က)/ ၂၁ / ၁၆ (ဂ) ဖြင့် အမှုဖွင့်ထားပြီး ထွက်ပြေးသွားသူ ကွမ်ဖုန်းအား ဖမ်းဆီးရမိရန် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

သတင်း - နဖြေိုးမြင့်
ဓာတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~