ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နမ့်ဆန်မြို့ရှိ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ် စက်တင်ဘာလ(၂၆)ရက်နေ့က စ၍ လိုက်နာရန် အသိပေးထား

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နမ့်ဆန်မြို့ရှိ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ် စက်တင်ဘာလ(၂၆)ရက်နေ့က စ၍ လိုက်နာရန် အသိပေးထား
စက်တင်ဘာ 26, 2020
By Tachileik News Agency
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နမ့်ဆန်မြို့ရှိ စားသောက်ဆိုင်များအားလုံး ပါဆယ်စနစ် စက်တင်ဘာလ(၂၆)ရက်နေ့က စ၍ လိုက်နာရန် အသိပေးထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း နမ့်ဆန်မြို့တွင် Covid-19 ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် စားသောက်ဆိုင်များအားလုံး စက်တင်ဘာလ(၂၆)ရက်နေ့က စ၍ ပါဆယ်စနစ်လိုက်နာရန် အသိပေးထားရှိကြောင်း သိရသည်။
နမ့်ဆန်မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်နိုင်နှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ နှင့် တာဝန်ရှိသူများမှ ပူးပေါင်းကာ နမ့်ဆန်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်များ နှင့် စားသောက်ဆိုင်များကို စက်တင်ဘာလ(၂၅)ရက်နေ့ ညနေပိုင်းက သတ်မှတ်ချက်များအား လိုက်နာမှုမရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း အသိပေး အကြောင်းကြားစာ ဖြန့်ဝေကာ Hand Speaker ဖြင့် အသိပေးကြေညာခြင်းများအဖြစ် လိုက်လံ အသိပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်အတွင်း Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက် နံနက်ခင်းဈေးတွင်လည်း ဈေးရောင်း ဈေးဝယ်များအားလုံး မဖြစ်မနေ နှာခေါင်းစည်(Mask) တပ်ဆင်ရန် အသိပေးခြင်း နှင့် mask များ ပေးဝေခြင်းများလည်း ဆောင်ရွက်နေကြောင်း သိရသည်။ 
Tachileik News Agency
ဓါတ်ပုံ - နမ့်ဆန်စည်ပင်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~