ကျောက်မဲမြို့ရှိ လွယ်ခွန်တောင်ပတ်လမ်း၌ နံနက်ခင်း လမ်းလျှောက်သည့် လူငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ၎င်းအား လာချောင်းသည်ဟု စွပ်စွဲကာ ဘောစိသေနတ်ဖြင့် ပစ်ခတ်

ကျောက်မဲမြို့ရှိ လွယ်ခွန်တောင်ပတ်လမ်း၌ နံနက်ခင်း လမ်းလျှောက်သည့် လူငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ၎င်းအား လာချောင်းသည်ဟု စွပ်စွဲကာ ဘောစိသေနတ်ဖြင့် ပစ်ခတ်
ဒီဇင်ဘာ 17, 2020
By Tachileik News Agency

 

ကျောက်မဲမြို့ရှိ လွယ်ခွန်တောင်ပတ်လမ်း၌ နံနက်ခင်း လမ်းလျှောက်သည့် လူငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ၎င်းအား လာချောင်းသည်ဟု စွပ်စွဲကာ ဘောစိသေနတ်ဖြင့် ပစ်ခတ် 

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ လွယ်ခွန်တောင်ပတ်လမ်းတွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်လ (၁၇) ရက်နေ့ နံနက် (၈)နာရီဝန်းကျင်က နံနက်ခင်းလမ်းလျှောက်ထွက်လာသည့် လူငယ်တစ်ဦးကို အမျိုးသားတစ်ဦးက ၎င်းအား လာချောင်းသည်ဟုဆိုကာ ဘောစိသေနတ်ဖြင့် လိုက်လံပစ်ခတ်မှုဖြစ်ပွားသည်။
ကျောက်မဲမြို့၊ အမှတ် (၁) ရပ်ကွက်၊ လွယ်ခွန်တောင်ပေါ်ရှိ တောင်ပတ်လမ်းတွင် နံနက်ခင်း လမ်းလျှောက်ထွက်လာသည့်   အမျိုးသားတစ်ဦးမှာ မော၍ ခေတ္တနားနေစဉ် ပေ (၂၀)ခန့်အကွာ၌ အမျိုးသားတစ်ဦးထွက်လာပြီး ၎င်းအား လာချောင်းသည်ဟု စွပ်စွဲကာ သေနတ်အရှည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သေနတ်ဖြင့်ပစ်ခတ်စဉ် စောင်းတန်းအောက်ဖက်သို့ ပြေးဆင်းခဲ့ရာ ပထမတစ်ချက်တွင် လွဲသွားသော်လည်း ဒုတိယတစ်ချက်ပစ်ခတ်စဉ် နောက်ကျောဝဲဘက်၌ ထိမှန်ခဲ့ကြောင်း သိရသည်။
၎င်းဒဏ်ရာဖြင့် နေအိမ်သို့ပြန်လာခဲ့ပြီး မော်တော်ယာဉ်ဖြင့် ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံသို့ သွားရောက်ခဲ့ကာ နောက်ကျောတွင် ထိမှန်ထားသည့် စက်ဘီးဘောသီးအရွယ် ဘောသီး (၁)လုံးကို ခွဲထုတ်ခဲ့ရကြောင်း သိရသည်။
အခင်းဖြစ်ရပ်နှင့်ပတ်သက်၍ ကျောက်မဲမြို့မရဲစခန်းတွင် အမှုဖွင့်ထားပြီး အခင်းဖြစ်နေရာတစ်ဝိုက်အား ကျောက်မဲမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် ကျောက်မဲရှိ  စစ်ဘက်ရေးရာလုံခြုံရေးအထူးတပ်၊ ခွဲ ( ၁ ) ၊ စု ( ၃ ) မှ တပ်ဖွဲ့ဝင်များက စုံစမ်းရှာဖွေမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~