မိုင်းဆတ်စာစစ်ဌာနတွင် အခန်းအတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာနှင့် စာဖြေခွင့်ကဒ်များ ပျောက်ဆုံးနေ

မိုင်းဆတ်စာစစ်ဌာနတွင် အခန်းအတွင်းမှ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာနှင့် စာဖြေခွင့်ကဒ်များ ပျောက်ဆုံးနေ
မတ် 17, 2020
By Tachileik News Agency

မိုင်းဆတ်စာစစ်ဌာနတွင်  အခန်းအတွင်းမှ  တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာနှင့် စာဖြေခွင့်ကဒ်များ ပျောက်ဆုံးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့ရှိ အထက(မိုင်းဆတ်)စာစစ်ဌာနတွင် အဖြေလွှာစာအုပ်များ၊ အပိုအဖြေလွှာများနှင့် စာမေးပွဲဖြေဆိုခွင့်ကဒ်များ သိမ်းဆည်းထားရာ အခန်းအတွင်းမှ ပျောက်ဆုံးသွားကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း ဓာတုဗေဒဘာသာရပ်ဖြေဆိုမည့် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၆)ရက်နေ့တွင် မိုင်းဆတ်စာစစ်ဌာန ကြီးကြပ်ရေးမှူးဖြစ်သူ ကျောင်းအုပ်ကြီး ဦးစိုင်းရှဲန်က လက်ထောက်ကြီးကြပ်ရေးမှူး ကျောင်းအုပ်ကြီး ဦးငြိမ်းချမ်းနှင့်အတူ နံနက် (၆)နာရီ မိနစ် (၄၀)တွင်  စာဖြေလွှာများနှင့် စာဖြေဆိုခွင့်ကဒ်များ ထားရှိရာ ရုံးခန်းအတွင်းသို့ ဝင်ရောက်ပြီး စာဖြေလွှာများ ထုတ်ယူရာ အဖြေလွှာစာအုပ် အလွတ် (၁၂၇၂)အုပ်၊ အပိုအဖြေလွှာစာရွက်အလွတ် (၁၀၉၃)ရွက်၊ စာမေးပွဲဖြေဆိုခွင့်ကဒ် (၄၇၁)ကဒ် ၊ အဖြေလွှာစာအုပ်အလွတ် (၄၄၈)အုပ်တို့ ပျောက်ဆုံးနေသည်ကို စစ်ဆေးတွေ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဖြေလွှာစာအုပ်များ သိမ်းဆည်းထားရာရုံးခန်းမှာ ပြတင်းတံခါး၊ ဗီဒိုသော့များ ပျက်ဆီးခြင်း မရှိဘဲ ပျောက်ဆုံးနေသည်ကို တွေ့ရခြင်းဖြစ်ပြီး မတ်လ(၁၇)ရက်နေ့ နံနက်ပိုင်းအချိန်အထိ ရှာဖွေ တွေ့ရှိရခြင်း မရှိသေးကြောင်း သိရသည်။

အဖြေလွှာစာအုပ်များ ပျောက်ဆုံးမှုနှင့် ပတ်သက်၍ မိုင်းဆတ်မြို့မရဲခစန်းတွင် (ပ) ၆၂/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း သိရသည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~