ကျိုင်းတုံမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဒုကြီးကြပ်ရေးမှူး အပါအဝင် (၈)ဦး CDM လုပ်ဆောင်

ကျိုင်းတုံမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဒုကြီးကြပ်ရေးမှူး အပါအဝင် (၈)ဦး CDM လုပ်ဆောင်
မတ် 7, 2021 | ရှမ်းရှေ့

ကျိုင်းတုံမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဒုကြီးကြပ်ရေးမှူး အပါအဝင် (၈)ဦး CDM လုပ်ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယကြီးကြပ်ရေးမှူး အပါအဝင် ဝန်ထမ်း(၈)ဦး ပြည်သူဘက်က ရပ်တည်ကာ CDM လုပ်ဆောင်လိုက်ကြောင်း သိရသည်။

ကျိုင်းတုံမြန်မာ့စီးပွားရေးဘဏ်မှ ဒုတိယကြီးကြပ်ရေးမှူး (၁)ဦး၊ အကြီးတန်းစာရေး (၄)ဦး နှင့် အငယ်တန်းစာရေး(၃)ဦး စုစုပေါင်း (၈)ဦးသည် အလုပ်မှ နှုတ်ထွက်ခြင်း မဟုတ်သလို၊ အကြောင်းမဲ့ခွင့်ပျက်ကွက်ခြင်း မဟုတ်ကြောင်း၊ ပြည်သူများ၏ ဆန္ဒနှင့်ထပ်တူညီစွာ ရုံးမတက်ခြင်း ဖြစ်သလို ရွေးကောက်ခံအစိုးရ၏ ကြေညာချက်ကို လိုက်နာပြီး CDM တွင် ပူးပေါင်းပါဝင်ခြင်း ဖြစ်ကြောင်း သဘောထားထုတ်ပြန်ထားသည်။

၎င်းတို့သည် ဖေဖော်ဝါရီလ(၈)ရက်နေ့ကတည်းက CDM လှုပ်ဆောင်နေခြင်းဖြစ်ပြီး ရွေးကောက်ခံအစိုးရအဖွဲ့မှ ရုံးတက်ရန် ကြေညာချိန်မှသာ ပြန်လည်တက်ရောက်ကာ တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း အသိပေးထားရှိသည်။

Tachileik News Agency