တာချီလိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ (၁၁) ခုမှ ကိုယ်စားလှယ် (၆၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထား

တာချီလိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ (၁၁) ခုမှ ကိုယ်စားလှယ် (၆၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထား
သြဂုတ် 24, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း နိုင်ငံရေးပါတီ (၁၁) ခုမှ ကိုယ်စားလှယ် (၆၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း ၂၀၂၀ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် နိုင်ငံရေးပါတီ (၁၁) ပါတီမှ ကိုယ်စားလှယ် (၆၄) ဦး ဝင်ရောက်ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။
တာချီလိတ်ခရိုင်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (USDP)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD)၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP)၊ အာခါအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ANDP)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(LNDP)၊ "ဝ" အမျိုးသားပါတီ(WNP)၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီ(UDP)၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ(UBP)၊ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ(တစည)နှင့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) စုစုပေါင်း ပါတီ (၁၂) ခု အခြေစိုက်ရုံးခန်းများဖွင့်လှစ်ထားပြီး လာမည့်ရွေးကောက်ပွဲတွင် (NDF) ပါတီမှ လွဲပြီး ကျန် (၁၁) ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
ပါတီ (၁၁) ပါတီမှ ပြည်သူ့လွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၁၈) ဦး၊ အမျိုးသားလွှတ်တော်အတွက် ကိုယ်စားလှယ်လောင်း (၈) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၁)အတွက် ကိုယ်စားလှယ်လောင်း (၁၉) ဦး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်အမှတ်(၂)အတွက် ကိုယ်စားလှယ်လောင်း (၁၉) ဦး စုစုပေါင်း (၆၄) ဦးကို အမည်စာရင်းတင်သွင်းထားခြင်းဖြစ်သည်။
တာချီလိတ်ခရိုင်အတွင်း၌ တာချီလိတ်မြို့နယ်၊ မိုင်းဖြတ်မြို့နယ် နှင့် မိုင်းယောင်းမြို့နယ်တို့ ပါဝင်သည်။
ရှမ်းပြည်နယ်အတွင်း တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ဗမာ၊ ကချင်၊ လီဆူ၊ ကယန်း(ခ)ပဒေါင်၊ လားဟူ၊ အာခါ၊ အင်းသား တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ကိုယ်စားလှယ်လောင်းစာရင်းများကို တောင်ကြီးမြို့တွင် အမည်စာရင်းတင်သွင်းထားကြောင်း သိရသည်။
၂၀၂၀ ခုနှစ်အတွင်း မှတ်ပုံတင်ခွင့်ပြုခဲ့သောပါတီ (၁၂၈) ပါတီရှိခဲ့ပြီး (၃၄) ပါတီမှာ ပါတီမှတ်ပုံတင်ခွင့် ပယ်ဖျက်ခဲ့သဖြင့် လက်ရှိ မှတ်ပုံတင်ထားသည့်ပါတီ (၉၄) ပါတီရှိနေပြီး ပြည်ထောင်စုတစ်ဝှမ်းလုံးတွင် စည်းရုံးမည့်ပါတီ (၇၆) ပါတီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမည့်ပါတီ (၁၈) ပါတီနှင့် ယာယီရပ်ဆိုင်းထားသော ပါတီ (၂) ပါတီရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းအရ သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~