တာချီလိတ်မြို့ ဘုရင့်နောင်ပုဂ္ဂလိကဈေးအနီး တရုတ်အွန်လိုင်းလုပ်ငန်းနေရာကို ဝင်ရောက်ဖမ်းဆီးရာမှ တရုတ်နိုင်ငံသား (၆၀)ဝန်းကျင် ဖမ်းဆီးရမိ

ပုံအညွှန်း - သုံးထပ်အဆောက်အဦးအတွင်းမှ သက်သေခံပစ္စည်းများ သိမ်းဆည်းနေစဉ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် တရားမဝင်နေထိုင်သည့် တရုတ်နိုင်ငံသားများအနက် ကျားဖြန့်နှင့် အွန်လိုင်းလုပ်ငန်း လုပ်ကိုင်နေသည့် လက်ကျန် တရုတ်များကို ဖမ်းဆီးနေရာ တရုတ်နိုင်ငံသား (၆၀)ဝန်းကျင်ကို လုပ်ငန်းသုံး ကွန်ပျူတာအလုံး (၅၀)ကျော်နဲ့အတူ ဖမ်းမိကြောင်း သိရသည်။

တာချီလိတ်မြို့၊ ဝမ်ကောင်းရပ်ကွက်အတွင်း ဘုရင့်နောင်ပုဂ္ဂလိကဈေးအနီး ဘုရင့်နောင်လမ်းသွယ် (၁၂)လမ်းရှိ သုံးထပ်တိုက် နေအိမ်အဆောက်အဦးအား ၂၀၂၄ခုနှစ် မတ်လ(၂၅)ရက်နေ့ အကူးပိုင်းအချိန်က ဝင်ရောက်ဖမ်းဆီးရာမှ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ အဆောက်အဦးအတွင်းမှ တရုတ်နိုင်ငံသား (၆၀)ဝန်းကျင်ကို တရုတ်အွန်လိုင်းလုပ်ငန်းသုံး ကွန်ပျူတာ (၅၀)ကျော် နှင့် လက်ကိုင်ဖုန်း အလုံး (၆၀)ကျော်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လက်ရှိတွင် တရုတ်နိုင်ငံသားများအား လဝက အက်ဥပဒေ နှင့်အတူ လောင်းကစားဥပဒေဖြင့် အမှုဖွင့်ရန် လုပ်ဆောင်နေသလို နေအိမ်ပိုင်ရှင်ကိုလည်း တရုတ်နိုင်ငံသားများကို ငှားရမ်းပေးထားသည့် နေအိမ်ပိုင်ရှင်ကိုလည်း လဝက အက်ဥပဒေဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။