ဖားေဆာင္းတြင္ ညီအစ္ကိုႏွစ္ဦး စကားမ်ားရန္ျဖစ္ရာမွ ေနအိမ္ကို ဓါတ္ဆီေလာင္း မီးရိႈ႕

ဖားေဆာင္းတြင္ ညီအစ္ကိုႏွစ္ဦး စကားမ်ားရန္ျဖစ္ရာမွ ေနအိမ္ကို ဓါတ္ဆီေလာင္း မီးရိႈ႕
ဇွန် 16, 2018
By Tachileik News Agency

ကယားျပည္နယ္၊ ဖားေဆာင္းၿမိဳ႕နယ္၊ ယူေကာ္ခို(၁၃)ကုန္းရပ္ကြက္တြင္ ညီအစ္ကိုႏွစ္ဦး စကားမ်ား ရန္ျဖစ္ရာမွ ေနအိမ္အား ဓါတ္ဆီေလာင္းမီးရိႈ႕ခဲ့ေၾကာင္း သိရသည္။

ယူေကာ္ခို(၁၃)ကုန္းရပ္ကြက္တြင္ ၂၀၁၈ ခုႏွစ္၊ ဇြန္လ (၁၄) ရက္ေန႔  ည(၁၁)နာရီခြဲဝန္းက်င္တြင္ တစ္အိမ္တည္းေန အသက္(၂၅)ႏွစ္အရြယ္ နိုင္လင္းေအာင္ႏွင့္ အတူေန ညီဝမ္းကြဲေတာ္စပ္သူ အသက္ (၂၃)ႏွစ္အရြယ္ ရာဇာေက်ာ္တို႔ စကားမ်ားရန္ျဖစ္ရာ ရာဇာေက်ာ္က ေနအိမ္အား ဓာတ္ဆီေလာင္း၍ မီးရိႈ႕ခဲ့သျဖင့္ ေနအိမ္မီးေလာင္ကၽြမ္းကာ ဆံုးရံႈးသြားေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က ရာဇာေက်ာ္အား ဖမ္းဆီးထားၿပီး ေမာ္ခ်ီးနယ္ေျမရဲစခန္းတြင္ (ပ) ၄/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၄၃၆(မီးရိႈ႕မႈ)ျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း


~~~~~~~~⊰❂ unicode ~~~~~~~~

ကယားပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ယူကော်ခို(၁၃)ကုန်းရပ်ကွက်တွင် ညီအစ်ကိုနှစ်ဦး စကားများ ရန်ဖြစ်ရာမှ နေအိမ်အား ဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်း သိရသည်။

ယူကော်ခို(၁၃)ကုန်းရပ်ကွက်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့ ည(၁၁)နာရီခွဲဝန်းကျင်တွင် တစ်အိမ်တည်းနေ အသက်(၂၅)နှစ်အရွယ် နိုင်လင်းအောင်နှင့် အတူနေ ညီဝမ်းကွဲတော်စပ်သူ အသက် (၂၃)နှစ်အရွယ် ရာဇာကျော်တို့ စကားများရန်ဖြစ်ရာ ရာဇာကျော်က နေအိမ်အား ဓာတ်ဆီလောင်း၍ မီးရှို့ခဲ့သဖြင့် နေအိမ်မီးလောင်ကျွမ်းကာ ဆုံးရှုံးသွားကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ရာဇာကျော်အား ဖမ်းဆီးထားပြီး မော်ချီးနယ်မြေရဲစခန်းတွင် (ပ) ၄/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၄၃၆(မီးရှို့မှု)ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း

 #TachileikNewsAgency #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~