တာချီလိတ်မြို့တွင် ရန်အောင်မြေရပ်ကွက်ကနေ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဧပြီလ(၂၉)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပျက်မည်

တာချီလိတ်မြို့တွင် ရန်အောင်မြေရပ်ကွက်ကနေ ဆေခမ်း(ဟောင်လိတ်)ရပ်ကွက်အထိ ဧပြီလ(၂၉)ရက်နေ့ တစ်နေကုန် လျှပ်စစ်မီး ပျက်မည်
ဧပြီ 27, 2023 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ ရန်အောင်မြေရပ်ကွက်ကနေ မြို့ပြင် ဆေးခမ်းရပ်ကွက်များအထိ ၂၀၂၃ခုနှစ် ဧပြီလ(၂၉)ရက်နေ့တွင် လျှပ်စစ်မီး တစ်နေကုန် ပြတ်တောက်မည်ဖြစ်ကြောင်း မြို့မီးလင်းရေးက အသိပေးကြေညာထားသည်။



လျှပ်စစ်မီးပြတ်တောက်မည့်နေရာများမှာ ရန်အောင်မြေရပ်ကွက်အတွင်း၌ ပါဝင်သည့် စည်ပင်ရုံးကနေ ဝန်ထမ်းအိမ်ရာ၊ ပါလျှံ(၁)၊ ပါလျှံ(၂)၊ ပါလျှံ(၃)၊ ဝိန်းကျောက်ရပ်ကွက်အတွင်း တော်ကော့(တွင်း) တော်ကော့(အပြင်)၊ အာခါဈေး၊ ပါဆတ်ရပ်ကွက် နှင့် ဆေခမ်း(ဟောင်လိတ်)တို့အထိ ၂၀၂၃ခုနှစ် ဧပြီလ(၂၇)ရက်နေ့ နံနက်(၉)နာရီကနေ ညနေ(၄)နာရီ အချိန်အထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သည်။

မြို့မီးလင်းရေးအနေဖြင့် မိုးရာသီအကြိုကာလအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး လုပ်ငန်းများ လုပ်ဆောင်ရန်ရှိသည်ဖြစ်၍ လုပ်ငန်းဆောင်ရွက်နေစဉ်အတွင်း ဘေးကင်းရေး လျှပ်စစ်မီးပြတ်တောက်ထားမည်ဖြစ်ကြောင်းနှင့် မြို့ပြင်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်သော်လည်း မြို့တွင်းပိုင်းဖြစ်သည့် လွယ်တော်ခမ်းကျေးရွာအုပ်စုကနေ မယ်ခေါင်ရပ်ကွက်အထိ လျှပ်စစ်မီး ပြတ်တောက်မည် မဟုတ်ကြောင်း သိရသည်။