"ကျွန်တော်မှာ ပြည်သူ့ရဲသာ ဖြစ်ချင်ပါသည်။ အာဏာရှင်များအတွက် ရဲမဖြစ်လိုပါ"ရဲအုပ်ကျော်ကျော်ဦး

"ကျွန်တော်မှာ ပြည်သူ့ရဲသာ ဖြစ်ချင်ပါသည်။ အာဏာရှင်များအတွက် ရဲမဖြစ်လိုပါ"ရဲအုပ်ကျော်ကျော်ဦး

"ကျွန်တော်မှာ ပြည်သူ့ရဲသာ ဖြစ်ချင်ပါသည်။ အာဏာရှင်များအတွက် ရဲမဖြစ်လိုပါ"ရဲအုပ်ကျော်ကျော်ဦး

မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် အမှတ် (၃) နယ်မြေရဲစခန်းမှ  ရဲအုပ်ကျော်ကျော်ဦးက စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM တွင် ၂၀၂၁ ခုနှစ် မတ်လ (၂) ရက်နေ့မှစ၍ ပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်သည်။



“(၁.၂.၂၀၂၁) ရက်နေ့နောက်ပိုင်း အာဏာရှင်များမှ နိုင်ငံတော်အာဏာသိမ်းမှုပိုက်ပြီးသည်မှစ၍ အာဏာတည်မြဲရန်အတွက် အာဏာရှင်များအလိုကျ ဥပဒေမဲ့လုပ်ဆောင်နေခဲ့ရပါသည်။ ကျွန်တော်မှာ ပြည်သူ့ရဲသာဖြစ်ချင်ပါသည်။ အာဏာရှင်များအတွက် ရဲမဖြစ်လိုပါ”ဟု ရဲအုပ် ကျော်ကျော်ဦးက ဆိုသည်။



ရဲအုပ်ကျော်ကျော်ဦးသည် ရဲတပ်ဖွဲ့တွင် လုပ်သက် (၂၆) နှစ် တာဝန်ထမ်းဆောင်ထားသူဖြစ်ပြီး လက်ရှိတွင် စစ်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများနှင့်အတူရပ်တည်၍ CDM ၌ ပါဝင်ခြင်းဖြစ်ပြီး အလုပ်နှုတ်ထွက်ခြင်းမဟုတ်ကြောင်း သိရသည်။



စစ်တပ်က ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုလက်မခံ၍ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့်ပြည်သူများကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခြင်းကို ရဲတပ်ဖွဲ့အင်အားနှင့်ပေါင်း၍ ဆောင်ရွက်နေခြင်းဖြစ်ပြီး အာဏာသိမ်းထားသည့် ရက်ပေါင်း (၃၀)အတွင်း လူပေါင်း (၂၀) ကျော်သေဆုံးခဲ့ရပြီဖြစ်သည်။



အရပ်သားပြည်သူများအား ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ခြင်း၊ ဆန္ဒပြသူများအား ဖြိုခွဲရာတွင် လုပ်ထုံးလုပ်နည်းကျင့်ဝတ်နှင့်မညီ အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းခြင်းများ လုပ်ဆောင်လာပြီးနောက် ရဲတပ်ဖွဲ့ဝင်အချို့ CDM တွင် ပါဝင်လာကြသည်ကို တွေ့ရသည်။



Tachileik News Agency