ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာချီလိတ်မြို့ရှောင်လမ်းနှင့် နိုင်ငံတော်ဧည့်ရိပ်သာဆောက်လုပ်မှု သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာချီလိတ်မြို့ရှောင်လမ်းနှင့် နိုင်ငံတော်ဧည့်ရိပ်သာဆောက်လုပ်မှု သွားရောက်ကြည့်ရှု
ဒီဇင်ဘာ 30, 2019
By 🌸
ရှမ်းပြည်နယ်ဝန်ကြီးချုပ် တာချီလိတ်မြို့ရှောင်လမ်းနှင့် နိုင်ငံတော်ဧည့်ရိပ်သာဆောက်လုပ်မှု သွားရောက်ကြည့်ရှု

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်နေသည့် မြို့ရှောင်လမ်း နှင့် နိုင်ငံတော်ဧည့်ရိပ်သာ တည်ဆောက်နေမှုများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်နှင့်အဖွဲ့က ၂၀၁၉ ခုနှစ် ဒီဇင်ဘာ (၃၀) ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရသည်ကို တွေ့ရသည်။

ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့ ညပိုင်းက ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းမြို့နယ်မှနေ၍ တာချီလိတ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။

တာချီလိတ်တွင် ပြည်ထောင်စုအစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၇၅) သန်း၊ ရှမ်းပြည်နယ်အစိုးရ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေ ကျပ်သန်း (၈၈.၈) သန်းတို့ဖြင့် အရှည် (၄)မိုင်ရှိသည့် မြို့ရှောင်လမ်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း စတင်ဖောက်လုပ်နေခြင်းဖြစ်ပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအဟောင်းကို နိုင်ငံတော်ဧည့်ရိပ်သာအဖြစ် ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်နေခြင်းဖြစ်သည်။

Tachileik News Agency

သတင်း၊ဓါတ်ပုံ ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~