ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်းအဖွဲ့ နှင့် မိုးဗြဲး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ တိုက်ပွဲဖြစ်ပွားနေပြီး အဖွားတစ်ဦး လက်နက်ကြီး ထိမှန် 

ရှမ်း - ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်းအဖွဲ့ နှင့် မိုးဗြဲး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တို့ တိုက်ပွဲဖြစ်ပွားနေပြီး အဖွားတစ်ဦး လက်နက်ကြီး ထိမှန် 
မေ 23, 2021 | ကယား

ရှမ်း - ကယားနယ်စပ် ရှမ်းပြည်နယ်(တောင်ပိုင်း)မိုးဗြဲမြို့တွင် ယနေ့ မေလ(၂၃)ရက်နေ့ နံနက်ကစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) နှင့် အာဏာသိမ်းအဖွဲ့၏ လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားနေပြီး သက်ကြီးရွယ်အို အဖွားတစ်ဦး လက်နက်ကြီးထိမှန် ထားကြောင်းသိရသည်။ 

မိုးဗြဲမြို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် အာဏာသိမ်းစစ်တပ်တို့ မေလ (၂၃)ရက်နေ့ နံနက်(၉)နာရီခွဲ အချိန်ကစ၍ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် မိုးဗြဲမြို့ စည်ကား(၃)ရပ်ကွက် ရှိ နေအိမ်တစ်ခုပေါ်သို့ လက်နက်ကြီးကျရောက်၍ သက်ကြီးရွယ်အို အဖွားတစ်ဦး ဗိုက်ထိမှန်ထားပြီး စိုးရိမ်ရသည့် အခြေ​နေရ ရှိနေခြင်း ဖြစ်သည်။

မနက် (၉)နာရီကျော်လောက်မှာ စဖြစ်တယ်။ မိုးဗြဲရေကာတာမှာ ရှိတဲ့ (၄၂၂)တပ်က လက်နက်ကြီးနဲ့ပစ်လို့ လူနေအိမ်ပေါ်ကျပြီး အဖွားတစ်ယောက် ဗိုက်ထိထားတယ်။ အခြေနေကတော့ စိုးရိမ်ရတယ်လို့ပြောတယ်။ ခုထိ ဖြစ်နေသေးတယ်။ တပ်ဖက်က စစ်ကူတွေ က လွိုင်ကော်ကနေ ထွက်လာနေတယ် ။

ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီ သို့အတည်ပြုသည်။

လက်ရှိချိန်တွင် မိုးဗြဲမြို့ ရပ်ကွက်ရုံးအချို့မှာလည်း မီးလောင်ကျွမ်းနေသလို အပြန်အလှန် ပစ်ခတ်မှုများ ရှိနေသေးကာ မိုးဗြဲမြို့မရဲစခန်းမှာလည်း မီးလောင်ကျွမ်းနေပြီး လွိုင်ကော်မြို့ဖက်မှ စစ်ကောင်စီ၏ တပ်ဖွဲ့များက မိုးဗြဲမြို့သို့ စစ်ကူသွားရောက်နေကြောင်း ဒေသခံများက ထံက သိရသည်။

#TachileikNewsAgency