ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် ပတ်သက်၍ သတင်းမရပါက ICRC ကို ဆက်သွယ်အကူအညီတောင်းနိုင်

ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် ပတ်သက်၍ သတင်းမရပါက ICRC ကို ဆက်သွယ်အကူအညီတောင်းနိုင်
ဖေဖော်ဝါရီ 10, 2021 | Human Right| နိုင်ငံရေး
By Tachileik News Agency

မိမိတို့ မိသားစုဝင်တစ်ဦးဦး ဖမ်းဆီးထိန်းသိမ်းခံရပြီး သတင်းတစ်စုံတစ်ရာမရရှိပါက အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ၏ ဖုန်းနံပါတ် ၀၉ ၈၉၁၇၅၄၅၁၂ (သို့မဟုတ်) [email protected] သို့ ဆက်သွယ်နိုင်ကြောင်း ထုတ်ပြန်ထားသည်။



ICRC အနေဖြင့် မြန်မာနိုင်ငံအတွင်း ဒေသအသီးသီးတွင် ဖမ်းဆီးထိန်းသိမ်းခံထားရသူများကို လူသားချင်းစာနာထောက်ထားမှုဖြင့် သွားရောက်တွေ့ဆုံပြီး ၎င်းတို့မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိစေရန်၊ အကျဉ်းထောင်အသီးသီးတွင် ရှိနေစဉ်အတွင်း ၎င်းတို့၏နေ့စဉ်လိုအပ်ချက်များကို သိရှိနားလည်ပြီး အကျဉ်းထောင်အာဏာပိုင်များ၏ ဆောင်ရွက်ပေးမှုများတွင် ကူညီနိုင်မည်ဖြစ်ကြောင်း သိရသည်။



စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် အာဏာသိမ်းလိုက်ပြီးနောက် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း နိုင်ငံတဝန်းမှ ပြည်သူများက ငြိမ်းချမ်းသည့်နည်းဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သော်လည်း စစ်တပ်က ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။



Tachilek News Agency