စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းနေသော်လည်း ရန်ကုန်လူထု ဆက်လက်ဆန္ဒထုတ်ဖေါ်

စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းနေသော်လည်း ရန်ကုန်လူထု ဆက်လက်ဆန္ဒထုတ်ဖေါ်

ရန်ကုန်မြို့ မြန်မာပလာဇာရှေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်နေသည့် ပြည်သူလူထုက ၂၀၂၁ ခုနှစ် မတ်လ (၁) ရက်နေ့ နေ့လယ်ပိုင်း၌ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်နေသူများအား စစ်တပ်နှင့် ရဲက ကျည်အစစ်များပါ အသုံးပြု၍ ပစ်ခတ်မှုများရှိနေသော်လည်း ပြည်သူလူထုက ရနိုင်သည့်အကာအကွယ်ပစ္စည်းများဖြင့် ဆက်လက်၍ စစ်အာဏာရှင်ကို ဆန့်ကျင်နေကြခြင်းဖြစ်သည်။

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းထားသည့် (၂၈) ရက်တာကာလအတွင်း စစ်တပ်နှင့်ရဲက လက်နဲ့မဲ့ပြည်သူများကို ပစ်ခတ်၍ သေဆုံးရသူ အနည်းဆုံး (၂၉) ဦး၊ ဒဏ်ရာရသူ (၁၀၀) ကျော်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူ (၁၅၀၀) ကျော်ရှိနေပြီဖြစ်သည်။

Tachileik News Agency