စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် CDM တွင် လုပ်ဆောင်နေသည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအား ဆေးသုတ်သန့်ရှင်းရေးလုပ်ရန် တာချီလိတ်မြို့ဘက်စုံတိုးတက်ရေးအဖွဲ့က စီစဉ်နေ

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် CDM တွင် လုပ်ဆောင်နေသည့် တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီးအား ဆေးသုတ်သန့်ရှင်းရေးလုပ်ရန် တာချီလိတ်မြို့ဘက်စုံတိုးတက်ရေးအဖွဲ့က စီစဉ်နေ
ဖေဖော်ဝါရီ 25, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူ့ဝန်ထမ်းများ၏ CDM တွင် ပါဝင်လုပ်ဆောင်နေသည့် ခရိုင်ပြည်သူ့ဆေးရုံအား လုပ်ငန်းရှင်များ၊မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့် တာချီလိတ်မြို့ဘက်စုံတိုးတက်ရေးအဖွဲ့က ဆေးသုတ်သန့်ရှင်းရေးလုပ်ရန် စီစဉ်နေသည်ဟု သိရသည်။



တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများသည် နိုင်ငံတဝန်းရှိ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် CDM ပြုလုပ်နေသည့် ကျန်းမာရေးဝန်ထမ်းများနည်းတူ CDM ပြုလုပ်နေကြောင်း စာတန်းချိတ်၍ ဆေးရုံဝန်းအတွင်းမှ ကျန်းမာရေးဝန်ထမ်းများ၏ လုံခြုံရေးအတွက် ခြံဝန်းတံခါးပိတ်ထားခြင်းဖြစ်သော်လည်း လုပ်ငန်းရှင်များ၊မြို့မိမြို့ဖများဖြင့် ဖွဲ့စည်းထားသည့်အဖွဲ့က ဆေးရုံအား သန့်ရှင်းရေးပြုလုပ်ရန်နှင့် ဆေးသုတ်ရန်  စသည်များ လုပ်ဆောင်မည်ဖြစ်၍  သတင်းမီဒီယာများနှင့်  ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂၅) ရက်နေ့တွင် တာချီလိတ်မြို့ရှိ လုပ်ငန်းရှင်တစ်ဦး၏နေအိမ်၌ အစည်းအဝေးကျင်းပကာ အသိပေးခြင်းဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် အာဏာသိမ်းစစ်တပ်၏ လက်အောက်တွင် လုပ်ငန်းမဝင်လို၍ CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းမှာ (၂၀၀)ကျော်အထိရှိနေကြောင်းလည်း သိရသည်။

နိုင်ငံအတွင်း၌ စစ်အာဏာရှင်စနစ်ကို လက်မခံ၍ CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူ့ဆေးရုံများ ပိတ်ထားသော်လည်း  အခမဲ့ဆေးခန်းများကို သီးသန့် ဖွင့်လှစ်ပေးထားသည်ကို နှောင့်ယှက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား ဖမ်းဆီးခြင်းအပြင် ဆေးရုံဝန်းများအတွင်း အတင်းအဓမ္မဝင်ရောက်ခြင်းများကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။

 



စစ်အာဏာရှင်စနစ်ကို လက်မခံ၍ CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများက ပြည်သူ့ဆေးရုံများ ပိတ်ထားသော်လည်း  အခမဲ့ဆေးခန်းများကို သီးသန့် ဖွင့်လှစ်ပေးထားသည်ကို နှောင့်ယှက်ခြင်း၊ ကျန်းမာရေးဝန်ထမ်းများအား ဖမ်းဆီးခြင်းအပြင် ဆေးရုံဝန်းများအတွင်း အတင်းအဓမ္မဝင်ရောက်ခြင်းများကို လုပ်ဆောင်နေသည်ကိုလည်း တွေ့ရသည်။

Tachileik News Agency