ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို တာချီလိတ်ရှိ မြသဟာဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကုသပေးမည်ဖြစ်၍ အောက်တိုဘာလ(၁၀)ရက်နေ့အထိ ဆက်လက်စာရင်းပေးနိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းမှ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို တာချီလိတ်ရှိ မြသဟာဆေးရုံတွင် အထူးကုဆရာဝန်ကြီးများက အခမဲ့ ကုသပေးမည်ဖြစ်၍ အောက်တိုဘာလ(၁၀)ရက်နေ့အထိ ဆက်လက်စာရင်းပေးနိုင်
စကျတငျဘာ 19, 2019
By Tachileik News Agency




ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရိုင်အတွင်းမှ ကုသမှုခံယူလိုသည့် ဝေဒနာရှင်များအနေဖြင့် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ မြသဟာ(အဆွေတော်မိသားစု)ဆေးရုံသို့ လာရောက်၍ ဖြစ်စေ၊ ဖုန်း 08453436 နှင့် 09267833380 သို့လည်းကောင်း၊ စေတနာ ဆေးခန်းမှ သွား နှင့်ခံတွင်းဆရာဝန် ဒေါက်တာအေးမြတ်မွန် ဖုန်း 095069676 သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ယင်းအပြင် မိုင်းဖြတ်မြို့ရှိ သင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာ(ရွှေလမင်း ဆေးဆိုင်) ဖုန်း - 09250475508 သို့လည်းကောင်း၊ တာလေမြို့ "ကောင်း" (၂၄)နာရီ အထူးကုဆေးခန်းမှ ဒေါက်တာအေးမြင့်ဦး ဖုန်း 09422994187 နှင့် 09262442718 သို့ လည်းကောင်း ဆက်သွယ်စုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများမှ တာချီလိတ်သို့ လာရောက်ကုသမှုခံယူလိုသူများအနေဖြင့် သွားလာရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရန် အခက်အခဲရှိပါက မဇ္ဇျိမလူမှုကူညီရေးအသင်းဖွဲ့များက သယ်ယူပို့ဆောင်ရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရေးတို့ကို အခမဲ့စီစဉ်ပေးမည်ဖြစ်၍ ဖုန်း 095241342 သို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

Tachileik News Agency



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြသဟာဆေးရုံတွင် အသက် (၆)လနှင့်အထက် မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင်များကို အထူးကုဆရာဝန်ကြီးများက အခမဲ့စမ်းသပ် ခွဲစိတ်ကုသပေးမည် ဖြစ်၍ ကုသမှုခံယူလိုသူများ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၀)ရက်နေ့ နောက်ဆုံးထား၍ စာရင်းပေးသွင်းနိုင်ကြပြီဖြစ်သည်။

အဆိုပါ အစီအစဉ်ကို တာချီလိတ်မြို့ရှိ မြသဟာဆေးရုံ၊ Smile Train Myanmar နှင့် NewLook NewLife တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၂) ရက်နေ့မှ (၁၄) ရက်နေ့အထိ ကုသမှုဆောင်ရွက်ပေးမည်ဖြစ်သည်။

ခွဲစိတ်ကုသမှုခံယူလိုသူများအား ကြိုတင်စစ်ဆေးခြင်းကို မြသဟာဆေးရုံတွင် အခမဲ့ဆောင်ရွက်ပေးမည်ဖြစ်၍ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်းမှ ကုသမှုခံယူလိုသူများ လာရောက်စစ်ဆေးခံနိုင်မည်ဖြစ်သည်။

ကျိုင်းတုံခရိုင်၊ မိုင်းဆတ်ခရိုင် နှင့် တာချီလိတ်ခရို်င်အတွင်းမှ ကုသမှုခံယူလိုသည့် ဝေဒနာရှင်များအနဖြေင့် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်းရှိ မြသဟာ(အဆွေတော်မိသားစု)ဆေးရုံသို့ လာရောက်၍ ဖြစ်စေ၊ ဖုန်း 08453436 နှင့် 09267833380 သို့လည်းကောင်း၊ စေတနာ ဆေးခန်းမှ သွား နှင့်ခံတွင်းဆရာဝန် ဒေါက်တာအေးမြတ်မွန် ဖုန်း 095069676 သို့လည်းကောင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ယင်းအပြင် မိုင်းဖြတ်မြို့ရှိ သဂငှ်လူမှုကူညီရေးအသင်း ဥက္ကဌ ဦးလှမောင်သာ(ရွှေလမင်း ဆေးဆိုင်) ဖုန်း - 09250475508 သို့လည်းကောင်း၊ တာလမြေို့ "ကောင်း" (၂၄)နာရီ အထူးကုဆေးခန်းမှ ဒေါက်တာအေးမြင့်ဦး ဖုန်း 09422994187 နှင့် 09262442718 သို့ လည်းကောင်း ဆက်သွယ်စုံစမ်းကာ စာရင်းပေးသွင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများမှ တာချီလိတ်သို့ လာရောက်ကုသမှုခံယူလိုသူများအနဖြေင့် သွားလာရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရန် အခက်အခဲရှိပါက မဇ္ဇျိမလူမှုကူညီရေးအသင်းဖွဲ့များက သယ်ယူပို့ဆောင်ရေးနှင့် တာချီလိတ်တွင် တည်းခိုနေထိုင်ရေးတို့ကို အခမဲ့စီစဉ်ပေးမည်ဖြစ်၍ ဖုန်း 095241342 သို့လည်း ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။

Tachileik News Agency 

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net