သမီး၏အမည်ကို (၆၆၇) ကြိမ် တက်တူးထိုးပြီး ဂင်းနစ်စံချိန်တင်ခဲ့သူ ဗြိတိန်အမျိုးသား

 သမီး၏အမည်ကို (၆၆၇) ကြိမ် တက်တူးထိုးပြီး ဂင်းနစ်စံချိန်တင်ခဲ့သူ ဗြိတိန်အမျိုးသား
စက်တင်ဘာ 20, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဗြိတိန်အမျိုးသားတစ်ဦးက ၎င်း၏သမီးဖြစ်သူ Lucy အမည်ကို (၆၆၇) ကြိမ် တက်တူးထိုးခဲ့ပြီးနောက် တူညီသော အမည်ကို ခန္ဓာကိုယ်ပေါ်တွင် တက်တူးအများစု ထိုးထားသူအဖြစ် ကမ္ဘာ့စံချိန်သစ်တင်ခဲ့သည်။ 

အသက် (၄၉) နှစ်အရွယ် မာ့ခ်အိုဝင် အီဗန်စ် (Mark Owen Evans) ဆိုသူ အမျိုးသားက ၂၀၁၇ ခုနှစ်အတွင်း သမီးဖြစ်သူ၏ အမည်ကို ၎င်း၏ကျောပေါ်တွင် (၂၆၇) ကြိမ် တက်တူးထိုးခဲ့ပြီး ပထမဆုံးအကြိမ် ဂင်းနစ်စံချိန် (Guinness World Records) တင်ခဲ့သည်။

သို့သော် ၂၀၂၀ ခုနှစ်တွင် အသက် (၂၇) နှစ်အရွယ် အမေရိကန်အမျိုးသမီး Diedra Vigil က သူမ၏အမည်ကို ခန္ဓာကိုယ်ပေါ်တွင် အကြိမ် (၃၀၀) တက်တူးထိုးခဲ့ပြီး မာ့ခ်ကို ကျော်လွန်၍ ဂင်းနစ်စံချိန်တင်သွားခဲ့သည်။ 

ထို့နောက် မာ့ခ်က ဂင်းနစ်စံချိန်ကို ပြန်လည်ရယူရန် စိတ်ပိုင်းဖြတ်ခဲ့ပြီး နောက်ကျောတွင် တက်တူးထိုးရန် နေရာလွတ် သိပ်မကျန်တော့ရာ သမီး၏အမည် တက်တူအသစ်များကို ပေါင်ပေါ်တွင် ထိုးသွားရန် ဆုံးဖြတ်ခဲ့သည်။

ပေါင်တစ်ဖက်စီတွင် တက်တူး (၂၀၀) စီဖြင့် စုစုပေါင်း 'Lucy' အမည် တက်တူး (၄၀၀) ထိုးရန် အချိန် (၅) နာရီခွဲ ကြာခဲ့သည်။ 

ယခုအခါ မာ့ခ်၏ ခန္ဓာကိုယ်ပေါ်တွင် သမီးဖြစ်သူ Lucy ၏ အမည် တက်တူး (၆၆၇) ခု ရှိနေပြီဖြစ်ပြီး ဂင်းနစ်စံချိန်ကို ပြန်လည်ရယူခဲ့သည်။ 

"စံချိန်ပြန်ယူဖို့ မစောင့်နိုင်အောင်ပဲ။ သမီးအတွက် ရည်စူးတာပေါ့" ဟု မာ့ခ်က ပြောကြောင်း ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့တွင် Guinness World Records ဝက်ဘ်ဆိုက်၌ ဖော်ပြထားရှိသည်။

 

Source: Guiness Word Records