ကယားပြည်နယ် ၊ လွိုင်ကော်မြို့လယ်ရှိ ဘီလူးချောင်းအတွင်းထဲက  We Want Democracy 

ကယားပြည်နယ် ၊ လွိုင်ကော်မြို့လယ်ရှိ ဘီလူးချောင်းအတွင်းထဲက  We Want Democracy 
ဖေဖော်ဝါရီ 24, 2021 | နိုင်ငံရေး| ကယား

ကယားပြည်နယ် ၊ လွိုင်ကော်မြို့လယ်ရှိ ဘီလူးချောင်းအတွင်း လူငယ်များမှ We Want Democracy စာတန်းကို ယနေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် ပုံဖော်ထားရှိသည်ကို တွေ့ရသည်။

အဆိုပါ စာတန်းအား လွိုင်ကော်မြို့နယ်ရှိ လူငယ်အချို့မှ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ မွန်းလွဲပိုင်းတွင် ဘီလူးချောင်းအတွင်း ချိတ်ဆွဲလုပ်ဆောင်ခဲ့တာဖြစ်ပြီး ယနေ့ည(၈)နာရီခန့်တွင် ပြန်လည် သိမ်းဆည်းသွား၍ နောက်နေ့များတွင် အခြားနေရာများ၌ ပြောင်းလဲ ချိတ်ဆွဲသွားမည်ဟု ပါဝင်ပြုလုပ်သူ လူငယ်တစ်ဦးကပြောသည်။ 

ကျွန်တော်တို့ ဒီစာတမ်းကို ချောင်းထဲမှာ ပဲ ချိတ်ဆွဲထားတယ်။ မျှောတော့ မမျှောဘူးပေါ့။ ည(၈)နာရီလောက်ကြရင် ပြန်သိမ်းမယ် ။ တပ်က လာဖျက်မှာဆိုးလို့။ နောက်နေ့တွေကျရင် တစ်ခြား နောင်ယားကန်တို့ ၊ ငွေ​တေင်ဆည်တို့ မှာ သွားမျှောထားဖို့ စီစဥ်ထားပါတယ်။

ဟု လူငယ်တစ်ဦး မှ တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

 

ကယားပြည်နယ်ရှိ လွိုင်ကော် ၊ ဒီးမော့ဆို ၊ ဖရူဆို စသည့် မြို့နယ်များရှိ လမ်းမကြီးများပေါ်တွင် ဖေဖော်ဝါရီလ (၂၂)ရက်နေ့မှကစ၍ We Want Democracy စာတန်းများကို ပုံဖော် ရေးသားထားခဲ့ကြပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ ညပိုင်းများတွင် လာရောက်၍ ဖျက်ဆီးကြကြောင်း သိရသည်။



Tachileik News Agency

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။