ခူဦးရယ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ပါတီဥက္ကဌအဖြစ် တာဝန်ပေး

ခူဦးရယ်ကို ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၏ ပါတီဥက္ကဌအဖြစ် တာဝန်ပေး
ဇန်နဝါရီ 1, 2022 | နိုင်ငံရေး| ကယား

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၏ ပါတီဥက္ကဌအဖြစ် ခူဦးရယ်ကို တာဝန်ပေးရန် (၁၄)ကြိမ်မြောက် ပါတီကွန်ကရက်ဖြင့်ဆုံးဖြတ်လိုက်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့က ကြေညာသည်။

(၁၄)ကြိမ်မြောက် ပါတီကွက်ကရက်ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၃၀)ရက်နေ့အထိ ကျင်းပခဲ့ပြီးနောက် ပြီးခဲ့သည့် (၄)နှစ်တာအတွင်း ဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးကြကြောင်း သိရသည်။

အဆိုပါအစည်းအဝေးမှ စုစုပေါင်း (၉)ဦးပါဝင်သည့် ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီအား ဖွဲ့စည်းအတည်ပြုခဲ့ရာ ပါတီဥက္ကဌအဖြစ် ခူဦးရယ်၊ ပါတီ ဒုတိယဥက္ကဌအဖြစ် အေဘယ်တွိဒ်၊ အထွေထွေအတွင်းရေးမှူးအဖြစ် ခူပလူးရယ်တို့အား တာဝန်ပေးထားသည်။

#TachileikNewsAgency