သီပေါ-နမ္မတူကြား မိုးတေချောင်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး

သီပေါ-နမ္မတူကြား မိုးတေချောင်းတံတားကို စစ်ကောင်စီတပ်က မိုင်းခွဲဖျက်ဆီး
ဒီဇင်ဘာ 29, 2023 | 2021 Military Coup| ရှမ်းမြောက်

သီပေါ-နမ္မတူအကြား အဓိကဆက်သွယ်ထားသည့် မိုးတေချောင်းတံတားအား ယမန်နေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်နေ့ ညနေပိုင်းတွင် စစ်ကောင်စီ၏ (၅၀၃၊ ၅၀၄)တပ်မှ လာရောက်မိုင်းခွဲဖျက်ဆီးသွားကြောင်း TNLAက သတင်းထုတ်ပြန်သည်။

မိုးတေချောင်းတံတားသည် သီပေါ-နမ္မတူ-မန်တုံ-နမ့်ဆန်မြို့သို့ အဓိကဆက်သွယ်ထားသည့် တံတားဖြစ်သည်ဟု သိရသည်။

#TachileikNewsAgency

Photo: PSLF/TNLA News