သီပေါမြို့တွင် မန္တလေးမြို့မှ ပြန်လာသည့် ကိုရင်တစ်ပါး နှင့် လူငယ်အမျိုးသားတစ်ဦးတို့တွင် Covid-19 ပိုးတွေ့

သီပေါမြို့တွင် မန္တလေးမြို့မှ ပြန်လာသည့် ကိုရင်တစ်ပါး နှင့် လူငယ်အမျိုးသားတစ်ဦးတို့တွင် Covid-19 ပိုးတွေ့
ဇန်နဝါရီ 4, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့တွင် မန္တလေးမှပြန်လာပြီး အသွားအလာကန့်သတ်ခံထားရသည့် ကိုရင်တစ်ပါး နှင့် လူငယ် အမျိုးသားတစ်ဦးတို့တွင် Covid-19 ပိုးတွေ့ရှိသည့်အတွက်  သီပေါပြည်သူ့ဆေးရုံ၏ သီးသန့်ဆောင်သို့ ပြောင်းရွှေ့ကုသထားကြောင်း သိရသည်။

မန္တလေးမြို့မှပြန်လာ၍ သီပေါမြို့ ပန်းတိမ်(တောင်)ရပ်ကွက်ရှိ ရေဟော်( ဘ/က)ကျောင်းနှင့် အထက (၂) Quarantine Center တို့တွင် အသီးသီး အသွားအလာ ကန့်သတ်ထားသူများအား ဇန်နဝါရီလ (၂)ရက်က နှာခေါင်း/အာခေါင် တို့ဖတ် ဓါတ်ခွဲနမူနာများကို ရယူပြီး မူဆယ်မြို့သို့ ပို့ဆောင် စစ်ဆေးရာမှ ဇန်နဝါရီလ (၄)ရက်နေ့တွင် အဖြေသိရခြင်း  ဖြစ်သည်။

ဇန်နဝါရီလ( ၄)ရက်နေ့တွင် ရရှိသောအဖြေအရ အဆိုပါ စင်တာ (၂)ခုမှ ကိုရင်တစ်ပါး နှင့် လူငယ် အမျိုးသားတစ်ဦးတို့တွင်  Covid-19 ပိုးတွေ့သဖြင့် သီပေါပြည်သူ့ဆေးရုံ သီးသန့်ဆောင်သို့ နယ်စည်းမခြားပရဟိတအသင်း နှင့် ကောင်းမှုရှင်ပရဟိတအသင်းတို့က စနစ်တကျ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။



Tachileik News Agency

သတင်း - နေဖြိုးမြင့်

 

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...