ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒေါက်တာ ဆာဆာအား ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ဒေါက်တာ ဆာဆာအား ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်
ဖေဖော်ဝါရီ 22, 2021 | နိုင်ငံရေး

 ၂၀၂၀ အနိုင်ရ ရွေးကောက်ခံကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)က ကုလသမဂ္ဂဆိုင်ရာ လုပ်ငန်းတာဝန်များကို ကော်မတီကိုယ်စား ဆောင်ရွက်နိုင်ရန်အတွက် ဒေါက်တာ ဆာဆာအား ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားရှိသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၏ နိုင်ငံတကာဆက်ဆံရေးရုံးကိုလည်း အမေရိကန်ပြည်ထောင်စု၊ မေရီလန်းပြည်နယ်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၂၂) ရက်နေ့မှ စတင်ဖွင့်လှစ်လိုက်ပြီး CRPH ၏ နိုင်ငံတကာဆက်ဆံရေးကိုယ်စားလှယ်အဖြစ် ဦးထင်လင်းအောင်အား ခန့်အပ်တာဝန်ပေးထားကြောင်းလည်း သိရသည်။ 

စစ်တပ်က ၂၀၂၁ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် နိုင်ငံတော်အာဏာသိမ်းလိုက်သဖြင့် ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ရွေးကောက်ခံထားရသည့် ကိုယ်စားလှယ်များက CRPH ကို အွန်လိုင်းမှ ကျမ်းသစ္စာကျိန်ဆိုပြီး ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။



Tachileik News Agency