ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဒ်မ၊ပုဒ်မခွဲ (၅၅)ခုကို လေးရက်တာ မဲခွဲဆုံးဖြတ်ပြီးနောက် (၂)ခုသာ ပြင်ဆင်ခွင့်ရ

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဒ်မ၊ပုဒ်မခွဲ (၅၅)ခုကို လေးရက်တာ မဲခွဲဆုံးဖြတ်ပြီးနောက် (၂)ခုသာ ပြင်ဆင်ခွင့်ရ
မတ် 13, 2020
By Tachileik News Agency
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပုဒ်မ၊ပုဒ်မခွဲ (၅၅)ခုကို လေးရက်တာ မဲခွဲဆုံးဖြတ်ပြီးနောက်    (၂)ခုသာ ပြင်ဆင်ခွင့်ရ

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ ပုဒ်မခွဲ (က)နှင့်စပ်လျဉ်း၍ ပုဒ်မပေါင်း (၅၅)ခုကို ပြည်ထောင်စုလွှတ်တော်တွင် (၄) ရက်တာ ဆွေးနွေးမှုအပြီး၌ ပုဒ်မ (၅၃)ခုမှာ ထောက်ခံမဲ (၇၅)ရာခိုင်နှုန်း မကျော်သည့်အတွက် မူလအတိုင်းထားရှိရန် ဆုံးဖြတ်ခဲ့ရသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆၊ ပုဒ်မခွဲ(က)နှင့်စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်၌ ဆွေးနွေးကြပြီးနောက် ၂၀၂၀ ခုနှစ်၊ မတ်လ (၁၀)ရက်နေ့မှ (၁၃) ရက်နေ့အထိ ဆန္ဒမဲပေးဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

နိုင်ငံတော်သည် မိခင်နှင့် ကလေးသူငယ်များ၊ မိဘမဲ့ကလေးများ၊ ကျဆုံးသောတပ်မတော်သားများ၏ ကလေးများ၊ အိုမင်းမစွမ်းသူများ၊ မသန်စွမ်းသူများအား ကြည့်ရှုစောင့်ရှောက်မည်ဆိုသည့် ပုဒ်မ ၃၂(က)နှင့် နိုင်ငံတော်သည် မသန်စွမ်းဖြစ်လာသော တပ်မတော်သားများအား သင့်တင့်လျောက်ပတ်စွာ နေထိုင်စားသောက်နိုင်စေရန်နှင့် အသက်မွေးပညာကို အခလွတ်သင်ယူနိုင်စေရန် စီမံဆောင်ရွက်ရမည်ဆိုသည့် ပုဒ်မ ၃၂(ခ)တို့ (၂)ခုမှာ ထောက်ခံမဲ (၇၅)ရာခိုင်နှုန်းကျော်သဖြင့် ပြင်ဆင်ရန် ဆက်လက်ဆောင်ရွက်ရမည့် ပုဒ်မများ ဖြစ်လာသည်။

တပ်မတော်၏အခန်းကဏ္ဍကို လျှော့ချရန်ပြင်ဆင်မည့် ကျန်ပုဒ်မများမှာ တပ်မတော်သားကိုယ်စားလှယ် (၂၅)ရာခိုင်နှုန်းပါဝင်သည့် လွှတ်တော်တွင် ထောက်ခံမဲ (၇၅)ရာခိုင်နှုန်းမကျော်သဖြင့် ပြင်ဆင်နိုင်ခြင်းမရှိခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
Pyidaungsu Hluttaw


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~