တာချီလိတ်မြို့၏ နွေဦးတော်လှန်ရေး (၂၂၂၂၂) အထွေထွေသပိတ်တွင် ပြည်သူများ သောင်းနှင့်ချီ ပါဝင်

တာချီလိတ်မြို့၏ နွေဦးတော်လှန်ရေး (၂၂၂၂၂) အထွေထွေသပိတ်တွင် ပြည်သူများ သောင်းနှင့်ချီ ပါဝင်
ဖေဖော်ဝါရီ 22, 2021 | နိုင်ငံရေး| ရှမ်းရှေ့

တာချီလိတ်မြို့၏ နွေဦးတော်လှန်ရေး (၂၂၂၂၂) အထွေထွေသပိတ်တွင် ပြည်သူများ သောင်းနှင့်ချီ ပါဝင်

တစ်နိုင်ငံလုံး ပြည်လုံးကျွတ် နွေဦးတော်လှန်ရေး (၂၂၂၂၂) အထွေထွေသပိတ်အဖြစ် ယနေ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့တွင် ပြည်သူများက လုပ်ဆောင်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နေ ပြည်သူများကလည်း  လူဦးရေ သောင်းနှင့်ချီ၍ ပါဝင် လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

နွေဦးတော်လှန်ရေး (၂၂၂၂၂) အထွေထွေသပိတ်အဖြစ် ဒေသတိုင်းက မြို့လုံးကျွတ်ပါဝင်ကြမည့် သတင်းများထွက်ပေါ်သည့်အတွက် တာချီလိတ်မြို့ရှိ ဈေးများအားလုံး နှင့် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက်ရှိ ဈေးဆိုင်များ၊ ကုန်စုံဆိုင်များမှာ တစ်ရက်တာ ပိတ်ထားလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် နံနက်အစောပိုင်းက စ၍  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ် အပါအဝင် ဌာနဆိုင်ရာအချို့ နှင့် ဘဏ်လုပ်ငန်းများ၊ စစ်အာဏာရှင်ကို လက်မခံကြသည့် ရဟန်းရှင်လူနှင့် ပြည်သူများ သောင်းနှင့်ချီ၍ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ  တာချီလိတ်မြို့အဝင် မုဒ်ဦး မီးပွိုင့်လမ်းဆုံအထိ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ဖေဖော်ဝါရီလ၏ ပထမပတ်ကတည်းက စတင်၍ ယနေ့ ဖေဖော်ဝါရီလ(၂၂)ရက်နေ့အထိ နေ့စဉ် လုပ်ဆောင်ခဲ့ကြကြောင်းနှင့် စစ်တပ်၏ ဖမ်းဆီးခံရသူမှာလည်း (၁၅)ဦးအထက် ရှိနေကြောင်း သိရသည်။

Tachileik News Agency

 

တပ်က ဖမ်းဆီးရန် ရှာဖွေနေသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းစွမ်