ထိုင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၂၅) ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း

ထိုင္းႏုိင္ငံတြင္း ဖမ္းဆီးခံရသည့္ ျမန္မာေရႊ႕ေျပာင္းလုပ္သား (၂၅) ဦးကို တာခ်ီလိတ္သို႔ လႊဲေျပာင္း
သြဂုတ် 29, 2019
By 🌸
ထိုင္းႏုိင္ငံအတြင္း အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ဖမ္းဆီးခံထားရၿပီး ျပန္လည္လြတ္ေျမာက္လာသည့္ ျမန္မာေရႊ႕ေျပာင္း ျမန္မာလုပ္သား (၂၅) ဦးကို ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕သို႔ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ (၂၉) ရက္ေန႔ ေန႔လယ္ပိုင္းက ထုိင္းတာဝန္ရိွသူမ်ားက လႊဲေျပာင္းလာသည္။

“အခုလႊဲေျပာင္းေပးလာတဲ့သူေတြကို စိစစ္ေနခ်ိန္မွာ ထမင္းေကၽြးတာကိုေတာ့ အခုလက္ခံစိစစ္ေပးေနတဲ့ ဌာနေတြနဲ႔ လူမႈေရးအဖြဲ႕ေတြက စီစဥ္ေပးၾကတယ္။ နယ္အေဝး ေနရပ္ျပန္ဖို႔ လိုတဲ့သူေတြအတြက္ ကၽြန္ေတာ္တို႔ ေထြအုပ္ကေန မထသကို ခ်ိတ္ဆက္အကူအညီေပးတာေတြ လုပ္ေပးေလ့ရိွပါတယ္”ဟု တာခ်ီလိတ္ၿမိဳ႕နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ျမန္မာအမ်ိဳးသား (၁၅)ဦးႏွင့္ အမ်ိဳးသမီး (၁၀)ဦးတြင္ တရားဝင္အလုပ္လုပ္ကိုင္ခြင့္လက္မွတ္ျဖင့္ အလုပ္လုပ္ေနျခင္းျဖစ္ေသာ္လည္း လုပ္ငန္းခြင္အတြင္း ခုိင္းေစသည့္လုပ္ငန္းက ဥပေဒအရ ေရႊ႕ေျပာင္းအလုပ္သမားမ်ားအား လုပ္ကိုင္ခြင့္မျပဳသည့္ အလုပ္ျဖစ္ေန၍ ဖမ္းဆီးခံရသူမ်ားလည္း ပါဝင္လာၿပီး လုပ္အားခအျပည့္အဝမရဘဲ ျပန္လာရသူမ်ားလည္း ပါဝင္လာသျဖင့္ ျမန္မာဘက္မွ သက္ဆုိင္ရာဌာနမ်ားက စိစစ္ေနၾကသည္။

အဆိုပါ ျမန္မာႏုိင္ငံသားမ်ားအား ထိုင္းႏိုင္ငံ၊ မယ္ဆုိင္ၿမိဳ႕မွ လဝကအရာရိွ Channarong Phumipol ဦးစီးသည့္အဖြဲ႕က လာေရာက္လႊဲေျပာင္းေပးရာ ျမန္မာဘက္မွ ဒုၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးမင္းေအာင္၊ လဝကမွဴး မိုးေမာင္ေမာင္ခင္၊ ၿမိဳ႕နယ္အလုပ္သမားညႊန္ၾကားမႈဦးစီးအရာရိွ ဦးႏုိင္မင္းသူ၊ လူကုန္ကူးမွဳတုိက္ဖ်က္ေရး ရဲတပ္ဖြဲ႕ႏွင့္ ထုိင္းႏုိင္ငံ မယ္ဆုိင္ၿမိဳ႕ေရာက္ ျမန္မာႏုိင္ငံသားမ်ားအား ကူညီေစာင့္ေရွာက္ေရးႏွင့္ ေစ့စပ္ညႇိႏွိဳင္းေရးေကာ္မတီ (CNCMC) တို႔က စိစစ္လက္ခံၾကၿပီး ေနရပ္ျပန္ရန္ အခက္အခဲျဖစ္သူမ်ားႏွင့္ အကူအညီလိုအပ္သူမ်ားကို သက္ဆိုင္ရာမ်ားျဖင့္ ခ်ိတ္ဆက္ ေဆာင္ရြက္ေပးရသည္မ်ားလည္း ရွိေၾကာင္း သိရွိရသည္။

သတင္း #ဟန္စိုးထုိက္ (Tachileik News Agency)
ဓါတ္ပံု -ဟန္စိုးထုိက္၊ CNCMC

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ထိုင်းနိုင်ငံတွင်း ဖမ်းဆီးခံရသည့် မြန်မာရွှေ့ပြောင်းလုပ်သား (၂၅) ဦးကို တာချီလိတ်သို့ လွှဲပြောင်း
**********
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်လာသည့် မြန်မာရွှေ့ပြောင်း မြန်မာလုပ်သား (၂၅) ဦးကို မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့သို့ ၂၀၁၉ခုနှစ် သြဂုတ်လ (၂၉) ရက်နေ့ နေ့လယ်ပိုင်းက ထိုင်းတာဝန်ရှိသူများက လွှဲပြောင်းလာသည်။

“အခုလွှဲပြောင်းပေးလာတဲ့သူတွေကို စိစစ်နေချိန်မှာ ထမင်းကျွေးတာကိုတော့ အခုလက်ခံစိစစ်ပေးနေတဲ့ ဌာနတွေနဲ့ လူမှုရေးအဖွဲ့တွေက စီစဉ်ပေးကြတယ်။ နယ်အဝေး နေရပ်ပြန်ဖို့ လိုတဲ့သူတွေအတွက် ကျွန်တော်တို့ ထွေအုပ်ကနေ မထသကို ချိတ်ဆက်အကူအညီပေးတာတွေ လုပ်ပေးလေ့ရှိပါတယ်”ဟု တာချီလိတ်မြို့နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးမင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မြန်မာအမျိုးသား (၁၅)ဦးနှင့် အမျိုးသမီး (၁၀)ဦးတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့်လက်မှတ်ဖြင့် အလုပ်လုပ်နေခြင်းဖြစ်သော်လည်း လုပ်ငန်းခွင်အတွင်း ခိုင်းစေသည့်လုပ်ငန်းက ဥပဒေအရ ရွှေ့ပြောင်းအလုပ်သမားများအား လုပ်ကိုင်ခွင့်မပြုသည့် အလုပ်ဖြစ်နေ၍ ဖမ်းဆီးခံရသူများလည်း ပါဝင်လာပြီး လုပ်အားခအပြည့်အဝမရဘဲ ပြန်လာရသူများလည်း ပါဝင်လာသဖြင့် မြန်မာဘက်မှ သက်ဆိုင်ရာဌာနများက စိစစ်နေကြသည်။

အဆိုပါ မြန်မာနိုင်ငံသားများအား ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ လဝကအရာရှိ Channarong Phumipol ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ မြန်မာဘက်မှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ လဝကမှူး မိုးမောင်မောင်ခင်၊ မြို့နယ်အလုပ်သမားညွှန်ကြားမှုဦးစီးအရာရှိ ဦးနိုင်မင်းသူ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး ရဲတပ်ဖွဲ့နှင့် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများအား ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေးကော်မတီ (CNCMC) တို့က စိစစ်လက်ခံကြပြီး နေရပ်ပြန်ရန် အခက်အခဲဖြစ်သူများနှင့် အကူအညီလိုအပ်သူများကို သက်ဆိုင်ရာများဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးရသည်များလည်း ရှိကြောင်း သိရှိရသည်။

သတင်း #ဟန်စိုးထိုက် (Tachileik News Agency)
ဓါတ်ပုံ -ဟန်စိုးထိုက်၊ CNCMC

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net