စစ်တပ်က အာဏာသိမ်းမှုသည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိပါး

စစ်တပ်က အာဏာသိမ်းမှုသည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိပါး
ဖေဖော်ဝါရီ 17, 2021 | နိုင်ငံရေး

မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းမှုသည် နိုင်ငံတော်၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို တိုက်ရိုက်ထိပါး တိုက်ခိုက်ချေမှုန်းခြင်းဖြစ်သည်ဟု  အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ပရိုက်စ်၏ ပြောကြားချက်ကို ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၇) ရက်နေ့တွင် အမေရိကန်သံရုံးမှ ဖေါ်ပြထားသည်။



“နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ထပ်တိုးအမှုနဲ့ တရားစွဲဆိုတာကိုသိရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်ပျက်သောကဖြစ်ရပါတယ်။ ကျွန်တော်တို့အရင်ကပြောခဲ့သလိုပါပဲ မြန်မာစစ်တပ်အနေနဲ့ မတရားဖမ်းဆီးထိန်းသိမ်းထားတဲ့အရပ်သားနိုင်ငံရေးခေါင်းဆောင်တွေ၊ သတင်းသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့တစ်ခြားအရပ်ဘက်လူမှုအဖွဲ့အစည်းကပုဂ္ဂိုလ်တွေအကုန်လုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို အာဏာပြန်ပေးဖို့ တောင်းဆိုပါတယ်။ "ဟု ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

Tachileik News Agency