မြို့လှမြို့ ချောင်းဝရွာအနီး ခြေလျစ်စစ်ကြောင်းထိုးသည့် အာဏာသိမ်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရ

မြို့လှမြို့ ချောင်းဝရွာအနီး ခြေလျစ်စစ်ကြောင်းထိုးသည့် အာဏာသိမ်းတပ် မိုင်းဆွဲတိုက်ခိုက်ခံရ
By Tachileik News Agency

ကချင်ပြည်နယ်၊ မြို့လှမြို့၊ ချောင်းဝရွာအနီးတွင် ခြေလျင်စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ၂၀၂၂ ခုနှစ်၊ မတ်လ (၂၃)ရက်နေ့ နံနက်(၆)နာရီဝန်းကျင်က မိုင်းတွဲတိုက်ခိုက်ခဲ့ရာ အာဏာသိမ်းတပ်မှ (၂)ဦးသေ၊ (၅)ဦးဒဏ်ရာရကြောင်း မြို့လှ PDF က သတင်းထုတ်ပြန်သည်။

အင်အား(၅၀)ဝန်းကျင်ပါသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် မင်းကျောင်းကုန်းရွာမှ ချောင်းဝရွာဖက်သို့ ကန်ဘောင်လမ်းအတိုင်း စစ်ကြောင်းချီလာစဉ်  ဗိုလ်မိုဃ်းကြိုး ဦးဆောင်သော မြို့လှ PDF က မိုင်း(၈)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းတပ်က  မိုင်းထိ၍ သေဆုံးသူနှင့် ဒဏ်ရာရသူများကို စက်လှေများဖြင့် သယ်ယူသွားကြောင်း သိရသည်။

ယင်းအပြင် နေ့လည်(၂)နာရီဝန်းကျင်ကလည်း ကျောက်ကြီးရွာအနီးတွင် ဗန်းမော်မြို့မှ စုန်ဆင်းလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်၏ ရိက္ခာတင် သင်္ဘောနှစ်စီးကို မြို့လှ PDF က  စောင့်ကြိုပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ကြောင်း သိရသည်။

အဆိုပါ သင်္ဘောနှစ်စီးမှာ မတ်လ(၂၂)ရက်နေ့ကလည်း မြို့လှ PDF က လမ်းခုလတ်တွင် စောင့်ကြိုတိုက်ခိုက်မှုခံခဲ့ရကြောင်း သိရသည်။