ကိုရိုနာကြောင့် တာချီလိတ်သင်္ကြန်ကာလအတွင်း ဇွဲသာယာ အပါအဝင် လွယ်တော်ခမ်းနှင့်မယ်ဟုတ်ချောင်းများ မဖွင့်ဖြစ်

ကိုရိုနာကြောင့် တာချီလိတ်သင်္ကြန်ကာလအတွင်း ဇွဲသာယာ အပါအဝင် လွယ်တော်ခမ်းနှင့်မယ်ဟုတ်ချောင်းများ မဖွင့်ဖြစ်
မတ် 18, 2020
By Tachileik News Agency

နယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား ပိတ်မယ်ဆိုတဲ့ ကောလဟာများနဲ့ ပတ်သက်ပြီး လတ်တလောမှာ ပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်မရှိသေးကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောကြားလိုက်ပါတယ်။

လတ်တလောဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် တာချီလိတ်ရှိ မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတားကို ၂၀၂၀ ခုနှစ် မတ်လ (၂၀) ရက်နေ့မှာ ပိတ်ထားမယ်ဆိုပြီး  ကောလဟလများ ထွက်ပေါ်နေတဲ့အတွက် ဒေသတွင်း ပြည်သူများဟာ စိုးရိမ်စိတ်နဲ့ စားသုံးကုန်တွေကို ကြိုတင်ဝယ်ယူနေကြတာတွေကြောင့် ကုန်ဈေးနှုန်းလည်း မြင့်တက်လာနေပါတယ်။

တာချီလိတ်အတွင်း ကောလဟာလများနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ပိုင်ဖြစ်သူ နိုင်းဆုံမ်ဆတ်ခနားခမ်းကို တာချီလိတ်သတင်းအေဂျင်စီက တဆင့် ဆက်သွယ်မေးမြန်းတဲ့အခါမှာ တံတားပိတ်ဖိုအတွက် ညွှန်ကြားချက်မရှိသေးကြောင်း ပြန်လည် ပြောကြားထားပါတယ်၊

Tachileik News Agency
တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~