ပြည်သူလူထုကို အကြမ်းမဖက်ရန် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ ကြေညာချက်ထုတ်ပြန်

ပြည်သူလူထုကို အကြမ်းမဖက်ရန် မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများ၏ ကြေညာချက်ထုတ်ပြန်
ဖေဖော်ဝါရီ 14, 2021 | နိုင်ငံတကာသတင်း

တရားဝင်အစိုးရဖြုတ်ချခံရခြင်းအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြသော ဆန္ဒပြသူများနှင့် အရပ်သားပြည်သူလူထုအား အကြမ်းဖက်ခြင်းမှ ရှောင်ကြဉ်ရန် လုံခြုံရေးတပ်ဖွဲ့များကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးများက ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့တွင် တောင်းဆိုလိုက်သည်။ 

ယင်းအပြင် နိုင်ငံရေးခေါင်းဆောင်များ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းလှုပ်ရှားတက်ကြွသူများ၊ သတင်းသမားများနှင့် နိုင်ငံ့ဝန်ထမ်းများအား ဖမ်းဆီးထိန်းသိမ်းထားခြင်းနှင့်ဆက်လက်ဖမ်းဆီးနေခြင်းကို ပြတ်ပြတ်သားသားအတိအလင်း ကန့်ကွက်ရှုတ်ချထားသည်။

အဆိုပါ ကြေညာချက်ကို ကနေဒါ၊ မြန်မာနိုင်ငံဆိုင်ရာဥရောပသမဂ္ဂသံရုံးနှင့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ သံရုံးများဖြစ်ကြသော - ဒိန်းမတ်၊ ချက်သမ္မတနိုင်ငံ၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ နယ်သာလန်၊ စပိန်နှင့် ဆွီဒင်နိုင်ငံ - နော်ဝေ၊ ဆွစ်ဇာလန်၊ ယူကေနှင့် အမေရိကန်နိုင်ငံတို့မှ မြန်မာနိုင်ငံဆိုင်ရာသံအမတ်ကြီးများက ပူးပေါင်းလက်မှတ်ရေးထိုးထုတ်ပြန်ခြင်းဖြစ်သည်။