လာအိုနိုင်ငံက ပြန်လာပြီး “ဝ” အထူးဒေသ (၂) ဟွေအောတွင် Quarantine ထားရှိသည့် (၃)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ပေးပို့ စစ်ဆေးထား

လာအိုနိုင်ငံက ပြန်လာပြီး “ဝ” အထူးဒေသ (၂) ဟွေအောတွင် Quarantine ထားရှိသည့် (၃)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ပေးပို့ စစ်ဆေးထား
ဇူလိုင် 5, 2020
By Tachileik News Agency
လာအိုနိုင်ငံက ပြန်လာပြီး  “ဝ” အထူးဒေသ (၂) ဟွေအောတွင် Quarantine ထားရှိသည့် (၃)ဦး၏ Covid-19 ဓါတ်ခွဲနမူနာများကို ပေးပို့ စစ်ဆေးထား

ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ  “ဝ” အထူးဒေသ (၂) ဟွေအောတွင် လာအိုနိုင်ငံဘက်မှ ပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၃) ဦးကို ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ (၅) ရက်နေ့တွင် COVID 19 စစ်ဆေးရန် ဓာတ်ခွဲနမူနာ ရယူထားကြောင်း သိရသည်။

မနေ့က လာအိုပြန်တစ်ယောက် ပိုးတွေ့တယ်ဆိုတော့ သူတို့ဘက်မှာလည်း လာအိုပြန်ရှိပါတယ် ဓာတ်ခွဲယူပေးပါဆိုပြီး လာပြောလို့ သွားယူပေးတာ။ ဓာတ်ခွဲကို မနက်ဖြန် ပို့ပေးသွားပါမယ်

ဟု မိုင်းတုံဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဟွေအောတွင် အသွားအလာကန့်သတ်ထားသူ (၃)ဦးကို မိုင်းတုံပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား ဓာတ်ခွဲနမူနာ သွားရောက်ယူဆောင်ပေးထားကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်ရှိ ဝမ်ပုံဆိပ်ကမ်းမှတစ်ဆင့် ၂၀၂၀ ခုနှစ်၊ ဇွန်လ (၂၄) ရက်နေ့ကနေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၁၈၆) ဦးအနက် အမျိုးသား (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဇူလိုင်လ (၄)ရက်နေ့ညပိုင်းက ဓာတ်ခွဲအဖြေရထားခြင်းဖြစ်သည်။

နယ်စပ်မြို့ တာချီလိတ်သို့ လာအိုနှင့် ထိုင်းနိုင်ငံများမှ ဝင်ရောက်လာသူများကို ယခင်က တာချီလိတ်မြို့တွင် Quarantine ထားရှိကာ ဓာတ်ခွဲစစ်ဆေးပြီး COVID 19 ပိုးမတွေ့ကြောင်းအဖြေရမှ နေရပ်အသီးသီးသို့ ပြန်ပို့နေရာမှ ဇွန်လ (၂၃)ရက်နေ့မှစပြီး ပြည်ပမှ ပြန်ဝင်လာသူအားလုံးကို မိမိတို့ နေရပ်ဒေသအသီးသီးသို့ စီစဉ်ပေးထားသည့်  မော်တော်ယာဉ်များဖြင့် ချက်ချင်းပြန်ပို့ကာ Quarantine ဝင်ကာ ဓာတ်ခွဲစစ်သည့်စနစ်ကို ပြောင်းလဲဆောင်ရွက်နေခြင်းဖြစ်သည်။

လာအိုပြန် အတည်ပြုလူနာ Case 311 နှင့် တာချီလိတ်မှ ရန်ကုန်သို့ ခရီးလမ်းတလျှောက် အနီးကပ်ထိတွေ့မှုရှိသူ (၁၅)ဦးကိုလည်း ဇူလိုင်လ (၅) ရက်နေ့၌ နေရပ်ဒေသအသီးသီးတွင် Quarantine ထားရှိကာ ဓာတ်ခွဲနမူနာရယူထားပြီဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~