၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ လူထုေထာက္ခံပြဲ လားရႈိးၿမိဳ႕တြင္ ျပဳလုပ္

၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒျပင္ဆင္ေရးအတြက္ လူထုေထာက္ခံပြဲ လားရႈိးၿမိဳ႕တြင္ ျပဳလုပ္
မေ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ လားရိႈးၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁၁) ရက္ေန႔ နံနက္ပိုင္းက ၂၀၀၈ ဖြ႔ဲစည္းပံုအေျခခံဥပေဒျပင္ဆင္ေရး လူထုေထာက္ခံပဲြျပဳလုပ္သည္။

"ဒီကာလက မျပည့္စံုေသးတဲ့ ကာလတစ္ခုေပါ့။ ဖြဲ႔စည္းပံုအေျခခံဥပေဒကလည္း ေရွ႕ေနာက္မညီညြတ္ဘူး။ တရားမွ်တမႈ မရွိဘူး။ ဒါေၾကာင့္ ျပည္သူေတြရဲ့ဘဝေတြက မလံုၿခံဳဘူး။ လံုၿခံဳမႈအားနည္းလာတဲ့အခါ ျပည့္စံုမႈမရွိေတာ့ တန္းတူညီမွ် မခံစားရဘူး။ တိုင္းရင္းသားေတြ အခြင့္အေရး တန္းတူညီမ်ွရရွိဖို႔ မေဆာင္ရြက္ႏိုင္တဲ့အခါ ျပည္တြင္း ၿငိမ္းခ်မ္းေရးမရဘူး။ ျပည္တြင္းၿငိမ္းခ်မ္းေရးမရတဲ့အခါ ႏိုင္ငံေရး၊ စီးပြားေရး ေႏွာင့္ေႏွးပါတယ္။ ဒါေတြ ကို ျပဳျပင္ႏိုင္ဖို႔အတြက္ ၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒကို ျပင္ဆင္ဖို႔လိုပါတယ္" ဟု လူထုေထာက္ခံပြဲအား ဦးေဆာင္ျပဳလုပ္သူ ဦးေထြးေအာင္ေက်ာ္က ေျပာသည္။

အဆိုပါေထာက္ခံပြဲသို႔ လားရိႈးၿမိဳ႕နယ္အတြင္းရွိ ရွမ္း၊ ပေလာင္၊ ဝ စသည့္ ယဥ္ေက်းမႈအဖြဲ႔မ်ား၊ လားရိႈးၿမိဳ႕ရွိ ရပ္ကြက္ႀကီး (၁၂) ခုႏွင့္ ေက်းရြာအခ်ိဳ႕မွ အပါအဝင္ သီေပါၿမိဳ႕ႏွင့္ ေက်ာက္မဲၿမိဳ႕တို႔မွလည္း ပူးေပါင္းပါဝင္ၾကေၾကာင္း သိရသည္။

ဖြဲ႕စည္းပံုျပင္ဆင္ေရးေထာက္ခံသူမ်ားသည္ လားရိႈးၿမိဳ႕ ရပ္ကြက္( ၄ )မွစတင္ၿပီး စီတန္းလွည့္လည္ကာ ရပ္ကြက္ ( ၈ ) အားကစားကြင္း၌ စုရပ္ျပဳလုပ္၍ ေဟာေျပာမႈျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

၂၀၀၈  ဖြဲ႔စည္းပံုအေျခခံဥေပဒမွ ပုဒ္မ (၁၆၈) ခု ကို ျပင္ဆင္ေပးရန္အတြက္ ေထာက္ခံဆႏၵထုတ္ေဖၚျခင္းျဖစ္ေၾကာင္း ေထာက္ခံပြဲအား ဦးေဆာင္ျပဳလုပ္သူ တရားလႊတ္ေတာ္ေရွ႕ေန ဦးေထြးေအာင္ေက်ာ္က ေဟာေျပာခဲ့သည္။

အဆိုပါလူထုေထာက္ခံပြဲအား သက္ဆုိင္ရာ၏ခြင့္ျပဳခ်က္ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

သတင္း/ဓါတ္ပံု -  ေနၿဖိဳးျမင့္



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁၁) ရက်နေ့ နံနက်ပိုင်းက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒပြေင်ဆင်ရေး လူထုထောက်ခံပွဲပြုလုပ်သည်။

"ဒီကာလက မပြည့်စုံသေးတဲ့ ကာလတစ်ခုပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ရှေ့နောက်မညီညွတ်ဘူး။ တရားမျှတမှု မရှိဘူး။ ဒါကြောင့် ပြည်သူတွေရဲ့ဘဝတွေက မလုံခြုံဘူး။ လုံခြုံမှုအားနည်းလာတဲ့အခါ ပြည့်စုံမှုမရှိတော့ တန်းတူညီမျှ မခံစားရဘူး။ တိုင်းရင်းသားတွေ အခွင့်အရေး တန်းတူညီမျှရရှိဖို့ မဆောင်ရွက်နိုင်တဲ့အခါ ပြည်တွင်း ငြိမ်းချမ်းရေးမရဘူး။ ပြည်တွင်းငြိမ်းချမ်းရေးမရတဲ့အခါ နိုင်ငံရေး၊ စီးပွားရေး နှောင့်နှေးပါတယ်။ ဒါတွေ ကို ပြုပြင်နိုင်ဖို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့လိုပါတယ်" ဟု လူထုထောက်ခံပွဲအား ဦးဆောင်ပြုလုပ်သူ ဦးထွေးအောင်ကျော်က ပြောသည်။

အဆိုပါထောက်ခံပွဲသို့ လားရှိုးမြို့နယ်အတွင်းရှိ ရှမ်း၊ ပလောင်၊ ဝ စသည့် ယဉ်ကျေးမှုအဖွဲ့များ၊ လားရှိုးမြို့ရှိ ရပ်ကွက်ကြီး (၁၂) ခုနှင့် ကျေးရွာအချို့မှ အပါအဝင် သီပေါမြို့နှင့် ကျောက်မဲမြို့တို့မှလည်း ပူးပေါင်းပါဝင်ကြကြောင်း သိရသည်။

ဖွဲ့စည်းပုံပြင်ဆင်ရေးထောက်ခံသူများသည် လားရှိုးမြို့ ရပ်ကွက်( ၄ )မှစတင်ပြီး စီတန်းလှည့်လည်ကာ ရပ်ကွက် ( ၈ ) အားကစားကွင်း၌ စုရပ်ပြုလုပ်၍ ဟောပြောမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပေဒမှ ပုဒ်မ (၁၆၈) ခု ကို ပြင်ဆင်ပေးရန်အတွက် ထောက်ခံဆန္ဒထုတ်ဖော်ခြင်းဖြစ်ကြောင်း ထောက်ခံပွဲအား ဦးဆောင်ပြုလုပ်သူ တရားလွှတ်တော်ရှေ့နေ ဦးထွေးအောင်ကျော်က ဟောပြောခဲ့သည်။

အဆိုပါလူထုထောက်ခံပွဲအား သက်ဆိုင်ရာ၏ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်း/ဓာတ်ပုံ - နဖြေိုးမြင့်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net