မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ် နှင့် ပတ်သက်၍ နည်းလမ်းများ ရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း သဝဏ်လွှာရေးပို့

မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ် နှင့် ပတ်သက်၍ နည်းလမ်းများ ရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း သဝဏ်လွှာရေးပို့
ဖေဖော်ဝါရီ 5, 2020
By Tachileik News Agency
 မြန်မာနိုင်ငံက ကိုရိုနာဗိုင်းရပ် နှင့် ပတ်သက်၍ နည်းလမ်းများ ရှာဖွေရာတွင်  တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း သဝဏ်လွှာရေးပို့

တရုတ်နိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့တွင် စတင်ဖြစ်ပွားပြီး နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ လျှင်မြန်စွာ ကူးစက်ပျံ့နှံ့နေသည့် ကိုရိုနာဗိုင်းရပ်(အဆုတ်ရောင်ရောဂါ)နှင့် ပတ်သက်၍ နည်းလမ်းများ ရှာဖွေရာတွင်  မြန်မာနိုင်ငံက တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က တရုတ်ပြည်သူ့သမ္မတ မစ္စတာ ရှီကျင့်ဖျင်ထံ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ(၃)ရက်နေ့က  သဝဏ်လွှာပေးပို့သည်။

တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ကျန်းမာရေးဆိုင်ရာ နည်းပညာများကို ပိုင်ဆိုင်ထားသည့်အတွက်  ကိုရိုနာဗိုင်းရပ်(အဆုတ်ရောင်ရောဂါ)အား ထိန်းချုပ်ရေးနှင့် ဆက်လက်မပြန့်ပွားရေးကို အမြန်ဆုံး အောင်မြင်စွာ ဆောင်ရွက်နိုင် မည်ကို ယုံကြည်ကြောင်း သဝဏ်လွှာတွင် ပါရှိသည်။

မြန်မာနိုင်ငံအနေဖြင့်လည်း ကူးစက်ရောဂါ ထိန်းချုပ်ကာကွယ်ရေး အခက်အခဲကို ဖြေရှင်းရန်အတွက် နည်းလမ်းများ ရှာဖွေရာတွင် တရုတ်နိုင်ငံနှင့်အတူ လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဝဏ်လွှာတွင် ထည့်သွင်းရေးသား ပေးပို့ထားကြောင်း နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ထားရှိသည်။

ဝူဟန်အဆုတ်ရောင်ရောဂါဟု ခေါ်သည့် ကော်ရိုနာဗိုင်းရပ်စ်၏ အခြေအနေမှာ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့ နံနက်(၉)နာရီ အချိန်အထိ နိုင်ငံပေါင်း (၂၅)နိုင်ငံအထိ ကူးစက်ခံရသူ စုစုပေါင်း (၂၄,၅၃၆)ဦးရှိလာပြီး သက်သာပျောက်ကင်းကာ ဆင်းရုံဆင်းသွားကြသူများမှာ (၉၁၁)ဦး ရှိသော်လည်း သေဆုံးသူ အရေအတွက်မှာ (၄၉၂)ဦးရှိလာ၍ မြှင့်တက်လာဆဲ ဖြစ်သည်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~