တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ နှင့် (၁၄)ရက် သီးခြားခွဲ၍ စောင့်ကြည့်ထားသူများအတွက် wifi တပ်ဆင် လှူဒါန်းပေးထား

တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ နှင့် (၁၄)ရက် သီးခြားခွဲ၍ စောင့်ကြည့်ထားသူများအတွက် wifi တပ်ဆင် လှူဒါန်းပေးထား
မတ် 27, 2020
By Tachileik News Agency
တာချီလိတ်တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာ နှင့် (၁၄)ရက် သီးခြားခွဲ၍ စောင့်ကြည့်ထားသူများအတွက် wifi တပ်ဆင် လှူဒါန်းပေးထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာနှင့် (၁၄) ရက်သီးခြားခွဲ၍ စောင့်ကြည့်ထားသူများကို IQ Net က အင်တာနက် ဝိုင်ဖိုင်အခမဲ့ တပ်ဆင် လှူဒါန်းပေးထားသည်။

ကိုရိုနာဗိုင်းရပ်စ်စောင့်ကြည့်လူနာများ ထားရှိရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံရှိ အထူးကြပ်မတ်ခန်းအတွက် မတ်လ (၂၇)ရက်နေ့နှင့် ထိုင်းမှနေရပ်ပြန် (၈၀)ဦးကို (၁၄)ရက် သီးခြားစောင့်ကြည့်မှုအောက် ထားရှိသည့် မိုးကုတ်ရိပ်သာ၌ မတ်လ (၂၆)ရက်နေ့တို့တွင် တာချီလိတ်မြို့ရှိ IQ Net က တပ်ဆင် လှူဒါန်းပေးထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံမှ မတ်လ (၂၃)ရက်နေ့တွင် ပြန်လည်လွှဲပြောင်းပေးလာသည့် ထိန်းသိမ်းခံ မြန်မာ (၉၂)ဦးတွင် ကိုယ်အပူချိန်မြင့်သူ (၁၂)ဦးပါဝင်သဖြင့် ဓါတ်ခွဲစစ်ဆေးပြီး ကျန် (၈၀)ဦးကို (၁၄)ရက်သီးခြားခွဲ၍ ထားရှိခြင်းဖြစ်ပြီး အဆိုပါ စောင့်ကြည့်လူနာများအတွက် နေ့စဉ်အစားအသောက်၊ အဝတ်အထည်စသည့် လိုအပ်သည်များကို မြို့ခံလူထုက ပူးပေါင်းကူညီပေးနေကြခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် စောင့်ကြည့်လူနာစုစုပေါင်း (၁၇)ဦးရှိခဲ့သည့်အနက် မတ်လ (၂၆)ရက်နေ့အထိ ဓါတ်ခွဲခန်းအဖြေရထားပြီးသူ (၁၅)ဦးတွင် ကိုရိုနာဗိုင်းရပ်စ် မတွေ့ရကြောင်းနှင့် အဖြေရရှိထားပြီး ဓါတ်ခွဲအဖြေစောင့်ဆိုင်းဆဲလူနာ (၂)ဦးနှင့် (၁၄)ရက်သီးခြားစောင့်ကြည့် (၈၀)ဦး ရှိနေခြင်း ဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~