ရှမ်းပြည်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့မှ (၂)နှစ်အရွယ် အတည်ပြုလူနာ နှင့် ထိတွေ့သူ (၉)ဦးကို စစ်ဆေးရာ Covid-19 ပိုးမတွေ့

ရှမ်းပြည်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့မှ (၂)နှစ်အရွယ် အတည်ပြုလူနာ နှင့် ထိတွေ့သူ (၉)ဦးကို စစ်ဆေးရာ Covid-19 ပိုးမတွေ့
အောက်တိုဘာ 21, 2020
By Tachileik News Agency
ရှမ်းပြည်(အရှေ့ပိုင်း) မိုင်းပျဉ်းမြို့မှ  (၂)နှစ်အရွယ် အတည်ပြုလူနာ နှင့် ထိတွေ့သူ (၉)ဦးကို စစ်ဆေးရာ Covid-19 ပိုးမတွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့မှ COVID 19 အတည်ပြုလူနာ (၂)နှစ်အရွယ် ကလေးငယ်နှင့် ထိတွေ့မှုရှိသူ (၉)ဦးကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၁)ရက်နေ့၌ RTD ဖြင့် စစ်ဆေးရာ COVID 19 ပိုးမတွေ့ရကြောင်း အဖြေရထားပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှ အသွားအလာကန့်သတ်ထားသူ (၁၂၀)ဦး၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးသို့ ပို့ဆောင်ထားကြောင်း သိရသည်။
“မနေ့က contact တွေ ဒီနေ့စစ်တာ အားလုံး Negative ဖြစ်တယ်။ ကျိုင်းတုံက ကားအတူစီးလာတဲ့ (၆) ယောက်၊ နောက် သူတို့မိသားစုဝင်တွေက (၂) ယောက်၊ သူတို့စီးတဲ့ကားမောင်းလာတဲ့ ကားသမား (၁) ယောက် စုစုပေါင်း (၉) ယောက်ကို RTD နဲ့ စစ်တာ။ ရှမ်းအရှေ့က အသွားအလာကန့်သတ်ထားသူတွေကိုတော့ တောင်ကြီး ဓာတ်ခွဲခန်းမှာစစ်မယ်။ ဒီနေ့ ဓာတ်ခွဲနမူနာပို့ထားတာ (၁၂၀) ရှိတယ်”ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မိုင်းပျဉ်းမြို့တွင် ရန်ကုန်မှလာသည့် မိသားစု (၃) ဦးကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာ အသက် (၂)နှစ်အရွယ် ကလေးငယ်တွင် COVID 19 ပိုးတွေ့ရသော်လည်း ကလေးနှင့်အတူလာသည့် မိခင်နှင့် အဒေါ်ဖြစ်သူမှာ Negative ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ ကျိုင်းတုံပြည်သူ့ဆေးရုံနှင့် တာချီလိတ်ပြည်သူ့ဆေးရုံများ၌ စောင့်ကြည့်လူနာများကို ဓာတ်ခွဲနမူနာစစ်ဆေးပေးပြီး ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို test kit ဖြင့် စစ်ဆေးပေးနေသော်လည်း အသွားအလာကန့်သတ်ထားသူများ၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးရှိ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲဌာနသို့ ပို့စစ်နေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~