မိုင်းဆတ်မြို့နယ်တွင်းမှ ပြည်သူများ လတ်တလောတွင် တာချီလိတ်သို့ မသွားရန် အသိပေး၊ မဖြစ်မနေ သွားပါက အပြန် Quarantine ဝင်ပြီး ကိုဗစ် အစစ်ခံရမည်

မိုင်းဆတ်မြို့နယ်တွင်းမှ ပြည်သူများ လတ်တလောတွင် တာချီလိတ်သို့ မသွားရန် အသိပေး၊ မဖြစ်မနေ သွားပါက အပြန် Quarantine ဝင်ပြီး ကိုဗစ် အစစ်ခံရမည်
နိုဝင်ဘာ 30, 2020
By Tachileik News Agency
မိုင်းဆတ်မြို့နယ်တွင်းမှ ပြည်သူများ လတ်တလောတွင် တာချီလိတ်မြို့သို့ မသွားရန် အသိပေး၊ မဖြစ်မနေ သွားပါက အပြန် Quarantine ဝင်ပြီး ကိုဗစ် အစစ်ခံရမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 အတည်ပြုလူနာ တိုးလာနေသည့်အတွက် မိုင်းဆတ်မြို့နယ်အတွင်းနေထိုင်သူများ အနေဖြင့် မဖြစ်မနေကိစ္စမှလွဲ၍ သွားရောက်ခြင်း မပြုကြရန် မိုင်းဆတ်မြို့နယ်ကိုဗစ်ရောဂါကာကွယ်၊ ထိန်းချုပ်ရေးကော်မတီက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၃၀) ရက်နေ့၌ ပြည်သူများသို့ အသိပေးပန်ကြားချက် ထုတ်ပြန်လိုက်သည်။
မိုင်းဆတ်မြို့နယ်အတွင်း နေထိုင်ကြသူများအနေဖြင့် တာချီလိတ်မြို့သို့ မဖြစ်မနေ သွားရောက်ရပါကလည်း ပြန်လာပါက facility quarantine ဝင်ရောက်၍ ကျန်းမာရေးစစ်ဆေးမှုခံယူကြရမည်ဖြစ်ပြီး မလိုအပ်ဘဲ အလည်အပတ်ကိစ္စများ မသွားကြရန် တားမြစ်ထားသည်။
တာချီလိတ်မြို့တွင် နိုဝင်ဘာလ (၃၀) ရက်နေ့ တစ်နေ့အတွင်း အတည်ပြုလူနာ (၁၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့်  ကုသမှုခံယူနေသည့် အတည်ပြုလူနာစုစုပေါင်း (၃၄)ဦး ရှိနေပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~