ကိုဗစ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်ပြီ

ကိုဗစ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို ပယ်ဖျက်လိုက်ပြီ
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး

Covid-19 ကာကွယ်ရေးအတွက် ည (၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄)နာရီအတွင်း ညမထွက်ရ အမိန့်ထုတ်ပြန်ထားခြင်းကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၆)ရက်နေ့မှစ၍ ပယ်ဖျက်လိုက်ပြီဖြစ်ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ထံကသိရသည်။



Covid-19 ထိန်းချုပ်နိုင်ရေးအတွက် မလိုအပ်ဘဲ အပြင်ထွက်ခြင်း၊ လူစုလူဝေးဖြစ်ခြင်းကို အဟန့်အတားဖြစ်စေရန် ရည်ရွယ်၍ ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်ကို စစ်တပ်က အာဏာသိမ်းသည့် (၆)ရက်မြောက်နေ့တွင် ရုပ်သိမ်းလိုက်ခြင်းဖြစ်သည်။



မြန်မာနိုင်ငံတွင် Covid-19 ထိန်းချုပ်ရေးအတွက် ည (၁၂)နာရီမှ နောက်တစ်နေ့ နံနက် (၄) နာရီအထိ ညမထွက်ရအမိန့်ကို မူလက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ (၁၅)ရက်နေ့အထိ ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency