အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကိုရှောင်နေသည့် ကရင်စစ်ဘေးရှောင်များအတွက် ထောက်ပံ့ရေးပစ္စည်းများကို ထိုင်းနယ်စပ်မှ ပထမအသုတ် ပို့ဆောင်ခွင့်ပြု

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေး မဲ့စမ်လက်(သောလယ်ထာ)တွင် စစ်ဘေးရှောင်အတွက် ရိက္ခာများ သယ်ယူနေ

By Tachileik News Agency

အာဏာသိမ်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်နေမှုကြောင့်  ထိုင်း-မြန်မာနယ်စပ်တွင် တိမ်းရှောင်နေသည့် ကရင်စစ်ဘေးရှောင်များအတွက် ပေးပို့သည့် ထောက်ပံ့ရေးပစ္စည်းများကို ထိုင်းနိုင်ငံဘက်က ၂၀၂၁ ခုနှစ် ဧပြီလ (၅) ရက်နေ့ နံနက် (၉) နာရီဝန်းကျင်တွင် ပထမအသုတ် ဖြတ်သန်းခွင့်ပေးလိုက်ပြီး ထပ်မံတင်ပို့ခွင့်ရရေး ကြိုးစားနေရဆဲဖြစ်ကြောင်း သိရသည်။

စစ်ဘေးရှောင်များကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခွင့်ရရေးအတွက် ထိုင်းလူမှုကူညီရေးအဖွဲ့များက ကူညီညှိနှိုင်းပေးခဲ့ပြီးနောက် ထိုင်း-မြန်မာနယ်စပ် မဲ့စမ်လက်(သောလယ်ထာ)ဘက်မှ သံလွင်မြစ်မှတစ်ဆင့် တစ်ကြိမ်ဖြတ်သန်း သယ်ယူခွင့်ပြုလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျန်ကူညီထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့နိုင်ရေးအတွက် ထပ်မံညှိနှိုင်းမှုများ လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်က KNU ထိန်းချုပ်နယ်မြေကို မတ်လ (၂၇)ရက်နေ့မှစ၍ လေကြောင်းမှ တိုက်ခိုက်မှုများ လုပ်ဆောင်လာသည့်အတွက် စစ်ဘေးရှောင်ဒေသခံများက ထိုင်းနိုင်ငံဘက် ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ထိုင်းဘက်က ပြန်လည်နှင်ထုတ်သဖြင့် နယ်စပ်တွင် ခိုလှုံနေကြရသဖြင့် ထိုင်းနိုင်ငံဘက်မှ နယ်စပ်ဖြတ်၍ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့နိုင်ရေး ကြိုးစားနေကြရခြင်းဖြစ်သည်။

source: The Reporters